ဒီနေ့ညနေ၆နာရီခွဲမှာတော့အာရှအားကစားဘောလုံးပြိုင်ပွဲအုပ်စု(F)ရဲ့ဒုတိယမြောက်ပွဲစဉ်အဖြစ်

မြန်မာအသင်းနဲ့ဆော်ဒီအသင်းတို့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ဒီပွဲမှာနှစ်သင်းလုံးအတွက်

အနိုင်ရဖို့လိုအပ်နေတာဖြစ်ပါတယ်။နှစ်သင်းလုံးဟာသရေတစ်မှတ်စီရထားပီးအုပ်စု

တက်ဖို့အတွက်ဒီပွဲကိုအနိုင်ရမှဖြစ်မှာပါ။

မြန်မာအသင်းကတစ်ပွဲထက်တစ်ပွဲပိုကောင်းလာတဲ့ခြေစွမ်းတွေနဲ့အတူအသင်းတိုင်းကိုအကောင်းဆုံးယှဉ်ပြိုင်ကစားနေကြတာပါ။

ဆော်ဒီအသင်းက၂၀၁၈ကမ္ဘာဖလားပြိုင်ပွဲဝင်ကစားသမားအများစုပါဝင်ပီးမြန်မာအသင်းကလည်း

ယူ၂၀ကမ္ဘာဖလားပြိုင်ပွဲဝင်ကစားသမားတွေနဲ့ပါဝင်ဖွဲ့စည်းထားတာပါ။၂၄နှစ်ကြာမှပြန်လည်ဝင်ရောက်ယှဉ်ပြိုင်တဲ့မြန်မာအသင်းကတော့

ဒီပြိုင်ပွဲမှာအုပ်စုအဆင့်ဖြတ်ကျော်နိုင်မလားဆိုတာတော့ပရိတ်သတ်တွေကစိတ်ဝင်စားနေကြတာပါ။

ဒီပွဲကိုနိုင်တာနဲ့အုပ်စုတက်ဖို့အလားအလာကောင်းနေတဲ့မြန်မာအသင်းကတော့အကောင်းဆုံးခြေစွမ်းတွေနဲ့အတူ

အကောင်းဆုံးလူစာရင်းနဲ့ပွဲထွက်လာမှသေချာပါတယ်။ပီးခဲ့တဲ့မြောက်ကိုရီးယားပွဲစဉ်မှာဂိုးသွင်းခဲ့တဲ့

မောင်မောင်လွင်နဲ့ဖန်တီးရှင်အောင်သူတို့ရဲ့တွဲလုံးတွေကတော့ဒီနေ့ဆော်ဒီနောက်တန်းကိုအလုပ်ရှုပ်စေမှာအမှန်ပါ။

အုပ်စုတက်ဖို့အတွက်အပြင်းအထန်ကြိုးစားနေတဲ့မြန်မာယူ၂၃အသင်းနဲ့ဆော်ဒီအသင်းတို့ပွဲကို

ဒီနေ့ည၆:၃၀မှာကစားမှာဖြစ်တဲ့အတွက်စောင့်မျှော်ပီးအားပေးလိုက်ပါဦးနော်

Photo:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။