သရုပ်ဆောင်စည်ဖြိုးကတော့ ချစ်စရာအပြုံးလေးတွေကြောင့် ချစ်ပရိသတ်တွေရဲ့အချစ်ကို ရရှိထားတဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ စည်ဖြိုးကတော့ ယခုမှာ ချစ်ပရိသတ်တွေအတွက် အနပညာအလုပ်တွေကို ပြုလုပ်နေပြီး သင်ဇာဝင့်ကျော်နဲ့အတူ ကြော်ငြာတွေလဲရိုက်ကူးနေပါတယ်။ ယနေ့မှာတော့ စည်ဖြိုးတစ်ယောက် တိုင်တစ်ရာ ဆရာတော်ဘုရားကြီးထံကနေ ဆင်းတုတော်တစ်ဆူလက်ဆောင်ရရှိခဲ့ပါတယ်။

စည်ဖြိုးကတော့ " တိုင်တစ်ရာ.. ဆရာတော်ဘုရားကြီးထံမှအိမ်မှာပူဇော်ဖို့.. လက်ဆောင်ဆင်းတုတော်တစ်ဆူလက်ခံရရှိ " ဆိုပြီး ဆင်းတုတော်ရရှိခဲ့တဲ့ သာဓုခေါ်စရာပုံလေးတွေနဲ့အတူ ပြောထားပါတယ်။ အဆိုပါလက်ဆောင်ရရှိခဲ့တဲ့ ဆင်းတုတော်ဟာ စည်ဖြိုးရဲ့ နေ့နမ်နဲ့ ကိုက်ညီနေပြီး စည်ဖြိုးရဲ့ နေ့နမ်နဲ့ ထုလုပ်ထားတဲ့ ဆင်းတုတော်ပဲဖြစ်ပါတယ်။ 

စည်ဖြိုးကတော့ အခုလို မြောက်ဒဂုံတိုင်တရာကျောင်းတော်ကြီးကနေ ဆင်းတုတော်တစ်ဆူ လက်ဆောင်ရရှိခဲ့လို့ ကြည်နူးဝမ်းသာနေပြီး ပီတီဖြာနေပါတယ်။ ချစ်ပရိသတ်ကြီးအတွက် စည်ဖြိုးရဲ့ တိုင်တစ်ရာ ဆရာတော်ဘုရားကြီးထံကနေ ဆင်းတုတော်တစ်ဆူလက်ဆောင်ရရှိခဲ့တဲ့ သာဓုခေါ်စရာပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။  

SOURCE: SIPHYO

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။