မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းဆိုရင် သန်းသန်းထွေးကို တော့ ပြေးမြင်မိမှာပါ။ သန်းသန်းထွေးကတော့ လက်ရွေးစင်ကနေ အနားယူမယ်လို့ ကောလဟာလတွေထွက်ပေါ်နေပေမဲ့လဲ ယနေ့မှာတော့ အမှန်တကယ်အနားယူပြီသွားပြီပဲဖြစ်ပါတယ်။ သန်းသန်းထွေးဟာ မြန်မာနိုင်ငံအတွက် ဆုတံဆိပ် ၁၀ခုအထိရယူပေးထားနိုင်ဖြစ်ပါတယ်။  

မြန်မာဘောလုံးလောကမှာ နိုင်ငံအတွက် ဆုတံဆိပ်အများဆုံးရယူပေးထားနိုင်တဲ့ အမျိုးသမီးတစ်ဦအဖြစ်မှတ်တမ်းတင်ထားနိုင်သူပဲဖြစ်ပါတယ်။အခုလို သန်းသန်းထွေး တစ်ယောက်လက်ရွေးစင်ကနေ အနားယူသွားတာက မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းအတွက် လက်တစ်ဖက်ကျိုးသွားကဲ့သို ဖြစ်ခဲ့ပြီး မြန်မာဘောလုံးပရိသတ်တွေကလဲ စိတ်မကောင်းဖြစ်နေကြပါတယ်။ 

နိုင်ငံအတွက်ရယူပေးခဲ့တဲ့ ဆုတံဆိပ်တွေကတော့ ရွှေတံဆိပ် (၃) ဆု ( AFF Women’s Championship 2004 (Vietnam) Malaysia Open Cup 2005 (Malaysia) AFF Women’s Championship 2007 (Myanmar) ) ။ ငွေတံဆိပ် (၃) ဆု Sea Game 2003 (Vietnam) Sea Game 2005 (Philippines) AFF Women’s Championship 2015 (Vietnam) ။ ကြေးတံဆိပ် (၄) ဆု Sea Game 2007 (Thailand) Sea Game 2009 (Laos)Sea Game 2013 (Myanmar) Sea Game 2017 (Malaysia) စတဲ့ ဆုတံဆိပ်တွေကိုရယူပေးနိုင်ခဲ့ပါတယ်။ 

SOURCE: FMF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။