ပရိသတ်တွေရင်ထဲနေရာယူထားတဲ့ နာမည်ကျော်သရုပ်ဆောင်မင်းသမီးချောလေး မေမြင့်မို့နဲ့ မောင်ဖြစ်သူ သရုပ်ဆောင်သျှင်းမြတ်တို့မောင်နှမကတော့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရဲ့အမြဲအာရုံတွေကို အမြဲဖမ်းစားတတ်တဲ့ ပြည်သူ့အချစ်တော်ဆယ်လီမောင်နှမပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ သူတို့မောင်နှမနှစ်ယောက်ကတော့ ခရီးတွေလည်း နှစ်ယောက်အတူ အမြဲသွားလေ့ရှိပြီး အခုတစ်ခါမှာလည်း အခမ်းအနားပွဲလေးတစ်ခုကို လိုက်ဖက်ညီစွာအတူ နှစ်ယောက်အတူ တတ်ရောက်လာတာ တွေ့ရပါတယ်..။

သြဂုတ်လ(၁၆)ရက်နေ့ညက ရန်ကုန်၊ Hard Rock Café မှာ ကျင်းပပြုလုပ်ခဲ့တဲ့ JOOX Influencer Night ရဲ့ အခမ်းအနားပွဲလေးကို ချစ်စဖွယ်ပုံရိပ်လေးတွေနဲ့ လိုက်ဖက်ညီစွာ တတ်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်..။

အဲ့ဒီအခမ်းအနားပွဲလေးကိုတော့ အခြားနယ်ပယ်အသီးသီးက အနုပညာရှင်များစွာလည်း တတ်ရောက်ခဲ့ကြပြီး အစိမ်းရောင်ဖက်ရှင်လေးတွေနဲ့ ကျော့ရှင်းစွာ ချစ်စရာကောင်းလွန်းတဲ့ နတ်မိမယ်လေးတွေရဲ့ အလှတရားတွေကလည်း ပုရိသတွေကို အသက်ရှုမှားသွားစေလောက်အောင်ပါပဲ..။

ဟန်ဆောင်မှုကင်းပြီး အမြဲချစ်စရာကောင်းတဲ့ မင်းသမီးချောလေးမေမြင့်မိုရ်ရဲ့ ပွဲတတ်လာတဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကလည်း မြင်တွေ့သူပရိသတ်တွေကို အချစ်ပိုစေပြန်တာမို့ ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြတာ တွေ့ရပါတယ်..။

ပရိသတ်အမြဲချစ်ခင်အားပေးနေသလို အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေကြတဲ့ မေလေးတို့မောင်နှမနှစ်ယောက်ရဲ့ ပွဲတတ်ဖက်ရှင်ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ ရှုစားပေးလိုက်ပါဦးနော်..။

Photo - မေမြင့်မိုရ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။