မိုးရာသီဟာ ခရီးသွားရာသီ မဟုတ်တာကြောင့် တခြားသော ရာသီတွေထက် လျှော့ဈေးတွေရပြီး ကုန်ကျစရိတ်လည်း သက်သာတာကြောင့် ခရီးသွားရတာ ကြိုက်သူတွေ အတွက်တော့ အသင့်တော်ဆုံးလို့ ပြောလို့ ရပါတယ်။ မိုးတွင်းမှာ မဖြစ်မနေ ခရီးသွားရလို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် အပျော်ခရီးသွားတဲ့အခါမှာပဲဖြစ်ဖြစ် အခုဖော်ပြထားတဲ့ အချက်တွေက အကူအညီ ဖြစ်စေမှာပါ။ဒီအချက်လေးတွေကို သာ အသုံးပြုခဲ့ရင် လုံးဝစိတ်ချမ်းသာရမှာကတော့ သေချာတယ်နော့်

(၁) မိုးတွင်းမှာ ခရီးသွားတဲ့အခါ တခြားသော ရာသီတွေမှာထက် အဝတ်အစား အပိုယူသွားသင့်ပါတယ်။ ရေခြောက်လွယ်တဲ့ အဝတ်အစားတွေကို များများ သယ်သွားသင့်ပြီး အရောင်နုတဲ့ အဝတ်အစားတွေကတော့ အလွယ်တကူ ညစ်ပတ်သွားစေနိုင်တာကြောင့် ယူမသွားသင့်ပါဘူး။

(၂) မိုးရာသီဟာ ခြင်နဲ့ တခြားသော အင်းဆက်ပိုးမွှားတွေ ပေါများတဲ့ ရာသီဖြစ်တဲ့အပြင် တုပ်ကွေးနဲ့ ကူးစက်ရောဂါတွေ အလွယ်တကူ ဖြစ်ပွားနိုင်တာကြောင့် ခရီးသွားတဲ့အခါ ဆေးဝါးတွေကို မမေ့မလျော့ ထည့်သွားသင့်ပါတယ်။

(၃) မိုးရာသီမှာ လမ်းဘေးစာတွေကို စားသောက်ခြင်းဟာ ဗိုက်နာရာကနေတဆင့် အူနဲ့ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်စေတာကြောင့် လမ်းဘေးစာတွေ အလွယ်တကူ ဝယ်စားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အထားခံတဲ့အစားအစာမျိုးတွေနဲ့ ပေါင်မုန့်၊ကိတ်ခြောက်နဲ့ ဘီစကစ်လို ပေါ့ပေါ့ပါးပါးစားလို့ရတဲ့ အစားအစာမျိုးတွေကို သယ်ယူသွားသင့်ပါတယ်။

(၄) ကိုယ်သွားမယ့်နေရာရဲ့ မိုးလေဝသ အခြေအနေနဲ့ ရေကြီးနေလား ၊ မြေပြိုနေလား စတဲ့သတင်းတွေကို ကြိုတင်သိထားသင့်ပါတယ်။ ရာသီဥတုကြောင့် လမ်းတွေ ပျက်စီးနေတာမျိုးနဲ့ ဘေးအန္တရာယ်များနေတဲ့အချိန် ခရီးသွားမိတာမျိုးတွေ မဖြစ်ရအောင် မိုးလေဝသသတင်းတွေကို နားစွင့်ထားသင့်ပါတယ်။

(၅) မိုးတွင်းမှာ ခရီးသွားတဲ့အခါ မပါမဖြစ်ယူသွားသင့်တာက Hair Dryer ပဲဖြစ်ပါတယ်။ သွားရင်းလာရင်း မိုးရေတွေ ဆံပင်ကိုစိုရာကနေတဆင့် ဖျားနာတာမျိုးတွေ မဖြစ်ရအောင် Hair Dryer ကို ယူသွားသင့်ပါတယ်။

(၆) မိုးရာသီမှာ ခရီးသွားရင် အဝတ်အစားတွေကိုသာ အပိုအနေနဲ့ ယူဆောင်သွားသင့်တာ မဟုတ်ပါဘူး။ ဈေးကြီးတဲ့ Leather နဲ့ Shoe ဖိနပ်တွေအစား Slipper လို ပေါ့ပေါ့ပါးပါး စီးနိုင်တဲ့ ဖိနပ်မျိုးတွေနဲ့ ကြိုးသိုင်း ဖိနပ်လိုမျိုးတွေက မိုးရာသီ ခရီးသွားတဲ့အခါ ပိုမိုအဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။

(၇) သွားရင်လာရင်း မိုးမိတာမျိုး မဖြစ်စေဖို့ မိုးကာအင်္ကျီနဲ့ ထီးတွေကတော့ မပါမဖြစ် ယူသွားသင့်ပါတယ်။ ဓာတ်ပုံရိုက်ရတာ ဝါသနာပါသူတွေဆိုရင်လည်း ကင်မရာနဲ့ ဖုန်းတွေ မိုးရေမစိုစေဖို့ ရေစိုခံအိတ်တွေကို သယ်ယူသွားသင့်ပါတယ်။

Ref. in.musafir.com / Wiki how 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။