အာရှ ဘောလုံးအဖွဲ့ချုပ် (AFC)နှင့် မြန်မာ နေရှင်နယ်လိဂ် (MNL) မှကြီးမှုးကျင်းပသည့်

ပြိုင်ပွဲများတွင်Drone ပျံသန်းယာဉ်ငယ်များ အားအသုံးပြုခြင်း ခွင့်ပြုတော့မည် မဟုတ်ပဲ

တားမြစ်လိုက်ပါတယ်။

အဆိုပါ Drone ပျံသန်း ယာဉ်ငယ်များဖြင့် ရိုက်ကူးခြင်းအား အာရှဘောလုံးအဖွဲ့ချုပ် မှ ၎င်း၏

လက်အောက်ခံ ပြိုင်ပွဲအရပ်ရပ်တွင် အသုံးပြုခြင်းအား AFC Competition Operations Manual

2017 Editions Article 10.5 အရ အထူးတင်းကျပ်စွာ တားမြစ်ပိတ်ပင် လိုက်ပြီး ၎င်းအပြင် Official

Training များတွင်လည်း ရိုက်ကူး၍ ရတော့မည် မဟုတ်ပဲ လိုက်နာခြင်း မရှိပါက ပြိုင်ပွဲဝင် အသင်း

များအား ဒဏ်ငွေချမှတ် သွားမည်လို့လည်း သိရပါတယ်။

Ref., Yadanarbon FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။