ဒိန်းမတ်နိုင်ငံက ကျွန်းတွေမှာတော့ ၁၆ ရာစုနှောင်းပိုင်းလောက်ထဲက စတင်ခဲ့တဲ့ ရိုးရာအမဲလိုက်မှုတစ်ခုကို နှစ်စဉ်ပြုလုပ်နေပါတယ်။

ယခုနှစ်မှာဆိုရင်လည်း ဒိန်းမတ်နိုင်ငံထဲက ဖာရိုးကျွန်းစုက ရွာသားတွေဟာ ဝေလငါးတွေကို ရိုးရာအရ အကြိမ်ကြိမ်အမဲလိုက် သတ်ဖြတ်ခဲ့ကြပါတယ်။ အခုလိုသတ်ဖြတ်မှုကိုတော့ တစ်ကမ္ဘာလုံးကပြစ်တင်ဝေဖန်နေကြတာပဲဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ရက်အနည်းငယ်က Mirror သတင်းဌာနကဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်မှာဆိုရင်လည်း ၎င်းရွာသားတွေရဲ့ ဝေလငါးတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုပါဝင်လာပါတယ်။

ထိုဗီဒီယိုထဲမှာတော့ ရွာသားတွေဟာ ကမ်းစပ်နားမှာရှိနေတဲ့ ဝေလငါးတွေကို ဓါးတွေနဲ့ခုတ်ပိုင်းပြီး အစုလိုက်အပြုံလိုက် သွေးပင်လယ်ဖြစ်လောက်အောင်ကို သတ်ဖြတ်နေကြတာကိုတွေ့ရပါတယ်။

သတ်ဖြတ်ပြီးနောက်မှာတော့ ရွာသွားတွေဟာ အရောင်ပြောင်းသွားတဲ့ သွေးပင်လယ်ကြီးထဲမှာ ဒေသခံတွေရော၊ ကလေးငယ်တွေပါ ဝေလငါးသေတွေအပေါ် တက်ပြီး ခုန်ပေါက် ပျော်မြူးခဲ့ကြတာပဲဖြစ်ပါတယ်။  

ဒိန်းမတ်လူမျိုးစုတွေကတော့ အခုလိုယစ်ပူဇော်မှုပုံစံမျိုး ကိုနှစ်စဉ်ပြုလုပ်လေ့ရှိတာကြောင့် ကမ္ဘာတစ်ဝှမ်းကလူအများစုကတော့ အခုလိုလုပ်ရပ်ဟာ မလုပ်သင့်တဲ့လုပ်ရပ်တစ်ခုဖြစ်တယ်လို့ပြစ်တင်ဝေဖန်နေကြပါတယ်။

အခုလို ဝေလငါးတွေကို သွေးပင်လယ်ဝေလောက်အောင်ကို ရက်ရက်စက်စက်သတ်ပြတ်ပြီး ပျော်မြူးနေကြတဲ့ရွာသားတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်မိတဲ့ ကမ္ဘာပေါ်က လူအများအပြားဟာဆိုရင်လည်း ဝမ်းနည်းမျက်ရည်လေးတွေ ကျဆင်းခဲ့ရလောက်အောင် ကြေကွဲစရာကောင်းလှပါတယ်။

ပရိသတ်တွေလည်း ဒီဗီဒီယိုလေးကို မြင်လိုက်ရရင် ကြေကွဲဝမ်းနည်းမှုတွေကို မြိုသိပ်နိုင်ကြပါစေလို့ပြောကြားရင်း ဗီဒီယိုလေးကိုပါထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

source - Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။