သတင်းဖော်ပြချက်များအရ တရုပ်စစ်ရေးလေ့ကျင့်မှုဟာအမေရိကန်နဲ့ မဟာမိတ် တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ လေ့ကျင့်နေတဲ့ သဘောရှိတယ်လို့ အမေရိကန်စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ဖော်ပြချက်များအရတရုပ်နိုင်ငံဟာ ဗုံးကြဲလေယာဉ်များကို စွမ်းရည်ပိုဝေးတဲ့ နေရာတွေအထိ စေလွှတ်နိုင်အောင်တိုးမြှင့်ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။

အစီအရင်ခံစာတွင်မီးမောင်းထိုးပြထားတာကတော့ တရုပ်ကာကွယ်ရေးစရိပ်ဟာ ဘီလျှံ၁၉၀ လောက်အထိတိုးမြှင့်ထားကာ စစ်ရေးစွမ်းရည်လည်း တိုးမြင့်ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။တရုတ်တို့က ပစိဖိတ်ဒေသမှာရှိတဲ့ အမေရိကန်နဲ့ မဟာမိတ် တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ လေ့ကျင့်နေတယ် ဆိုပြီး သတိပေးထားတာ ဖြစ်ပါတယ်။

နောက်ပြီးတရုတ်တွေဟာ လူသိမခံဘဲ နျူကလီးယားလပ်နက်တပ်ဆင်ထားတဲ့ အဝေးကြီးပျံသန်းနိုင်တဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီးတွေကို တည်ထောင်နေပြီးလာမယ့် ဆယ့်နှစ်လောက်မှာ အသုံးပြုမယ်လို့လည်းဆိုထားပါတယ်။သတင်းရရှိမှုတွေအရတရုတ်ဟာ အမေရိကန်ကို ရင်ဆိုင်နိုင်အောင် အခုလို ဗုံးကြဲလေယာဉ်တွေကို လေ့ကျင့်ပြင်ဆင်နေတာလို့လည်းပြောပါတယ်။

သတင်းအရင်းအမြစ်-bbc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။