ဒီတစ်ပတ်အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ပွဲစဉ်၂ရဲ့အကောင်းဆုံးပွဲစဉ်အဖြစ်ဒီနေ့ည(၁၁)နာရီမှာချယ်လ်ဆီးအသင်းနဲ့အာဆင်နယ်အသင်းတို့ယှဉ်ပြိုင်ကစားသွားကြမှာပါ။အဖွင့်ပွဲစဉ်မှာရလဒ်ကောင်းတွေနဲ့ချယ်လ်ဆီးအသင်းကတော့ဒီပွဲမှာဘယ်လိုလူစာရင်းနဲ့ပွဲထွက်လာမယ်ဆိုတာတော့စိတ်ဝင်စားစရာပါ။

အာဆင်နယ်အသင်းကတော့ပွဲကျပ်တွေနဲ့အဖွင့်ပွဲတည်းကရင်ဆိုင်ရတာဖြစ်ပြီးမန်စီးတီးအသင်းကိုအိမ်ကွင်းမှာ၂ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။နှစ်သင်းလုံးကတော့ဒီနှစ်ရာသီမှနည်းပြသစ်တွေခန့်အပ်ထားတဲ့အသင်းတွေလည်းဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းကတော့နည်းပြဆာရီလက်အောက်မှာကစားသမားအသစ်တွေနဲ့အထိုင်ကျနေပီးအကောင်းဆုံးခြေစွမ်းကိုပိုင်ဆိုင်ထားတာပါ။

နောက်ဆုံး၅ကြိမ်တွေ့ဆုံမှုမှာအာဆင်နယ်အသင်းကတစ်ကြိမ်အနိုင်ရထားပီး၄ကြိမ်ကသရေကျထားတာဖြစ်ပါတယ်။စတမ်းဖို့ဒရစ်ချ်ကွင်းမှာကစားတိုင်းတစ်ကြိမ်မှမရှုံးသေးတဲ့စံချိန်ကိုချယ်လ်ဆီးအသင်းကဆက်လက်ထိန်းသိမ်းနိုင်မလားဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်။ဒီတစ်ပတ်အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တယ်ချယ်လ်ဆီးအသင်းနဲ့အာဆင်နယ်အသင်းတို့ပွဲစဉ်ကိုဒီည(၁၁)နာရီမှာအားပေးဖို့အတွက်တင်ဆက်ပေးလိုက်ကပါတယ်။

Photo:Chelsea Football Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။