ပရိသတ်ကြီးရေ အနုပညာလောကရဲ့ ထိပ်တန်းသရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ မင်းသားနေတိုးနဲ့ မင်းသမီး မအေးသောင်းတို့က မသိသူမရှိလောက်အောင် ကျော်ကြားအောင်မြင်နေသူတွေ ဖြစ်ကြပါတယ်။ အနုပညာအလုပ်တွေ လုပ်ကိုင်ရင်း ပရိသတ်အချစ်တွေ ခံယူနေကြတဲ့ သူတို့နှစ်ဦးဟာ ပွဲအတူတက်ခဲ့ကြတာ တွေ့ရပါတယ်။ ယနေ့ထိ အချစ်ရေးနဲ့ပတ်သတ်ပြီး သတင်းမထွက်လောက်အောင် သွေးအေးနေကြတဲ့ သူတို့နှစ်ဦးရဲ့ပွဲတက်ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

သြဂုတ်လ ၁၇ရက်နေ့က ဆူးလေ Shangrila hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ '' Samsung Note9 Launch'' ပွဲလေးကို အနုပညာရှင်တွေများစွာ တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲလေးက Samsung ရဲ့ အသစ်ထွက်ရှိလာတဲ့ Note 9 ဖုန်းကို မိတ်ဆက်တဲ့ပွဲလေးဖြစ်ပြီး Samsung ရဲ့ Brand Ambassador တွေဖြစ်ကြတဲ့ နေတိုး၊ G Fatt၊ အေးသောင်း၊ နန်းစုရတီစိုး ၊ ပန်းရောင်ခြယ်တို့ စုံစုံလင်လင် တင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အခုလည်း မအေးသောင်းက နေတိုးနဲ့အတူ ပွဲမှာအမှတ်တရ Selfie ရိုက်ကူးနေတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ facebook မှာ အသစ်တင်ထားတာ တွေ့ရပါတယ်။

မအေးသောင်းက ''မနေ့က SAMSUNG NOTE9 ပွဲတက်မှပုံလေးတွေ ခုမှစုံစုံလင်လင်ရလို့တင်သည်။ ဖြေးဖြေးချင်း တစ်ပုံချင်းရှုစားကြကုန်ပါ အမျိုးတို့။ '' ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့အမှတ်တရလေးတွေကို ပရိသတ်တွေအတွက် ဝေမျှထားတာ ဖြစ်ပါတယ်။ နေတိုးနဲ့အတူ အမှတ်တရပုံလေးတွေ ရိုက်ကူးနေတဲ့ သူမတို့ရဲ့ Snap ပုံလေးတွေကိုလည်း ပရိသတ်တွေက သဘောကျနှစ်ခြိုက်နေကြတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မအေးသောင်းရဲ့ ပွဲတက်အမှတ်တရပုံရိပ်လေးတွေကို တစ်ဆင့်ဝေမျှပေးလိုက်ပါတယ်နော်။

Source: Aye Thaung;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။