လက်ရှိရေပန်းစားမင်းသားချောတွေထဲမှာ ဂျင်းကောင်ဆိုလူတိုင်းချစ်မယ်ထင်ပါတယ်။ သရုပ်ဆောင်မှုပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်သူတစ်ယောက်ဖြစ်ကြောင်း အကယ်ဒမီဆုကသက်သေအဖြစ်ရှိနေတဲ့အပြင် လက်ရှိမျိုးဆက်သစ်ဂျင်းကောင်လေးကိုမွေးထုတ်ထားနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီကနေ့ ပရိသတ်အချစ်တော်မြင့်မြတ်ကတော့ ဒါရိုက်တာ သားညီကို သွားရောက်ဝန်းရံခဲ့တာတွေ့ရပါတယ်။ 

လက်ရှိပရိသတ်တွေကြားရေပန်းစားနေတဲ့ "လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ" ဇာတ်ကားကိုတော့အားလုံး စိတ်ဝင်တစား ကြည့်ချင်နေကြမယ်ထင်ပါတယ်။ အဆိုပါဇာတ်ကို ပရိသတ်အချစ်တော် ဒါရိုက်တာသားညီရိုက်ကူးပြီး လူမင်း၊ ယုန်လေး၊ ထူးခြား၊ ဂျိုကာ၊ ထားထက်ထက်နှင့် ဘေဘီမောင်တို့ကအဓိကသရုပ်ဆောင်ထားကာ အကြမ်းစားရိုက်ကူးမှုတွေနဲ့ ပရိသတ်တွေကိုပြသသွားမှာပဲဖြစ်ပါတယ်။ 

အဆိုဇာတ်ကားလက်မှတ်ရေးထိုးပွဲကို နာမည်ကြီးအနုပညာရှင်တွေတက်ရောက်ခဲ့ပြီး ပရိသတ်အချစ်တော် မြင့်မြတ်လည်းတက်ရောက်ခဲ့တာတွေ့ရပါတယ်။ ဒီကနေ့ လက်မှတ်ရေးထိုးနှင့်ပတ်သက်ပြီး သားညီကတော့"လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ လက်မှတ်ထိုးပွဲ လာရောက်ဝန်းရံပေးတဲ့ ညီလေးမြင့်မြတ်"ဟူ၍ ပုံရိပ်များနှင့်အတူ ရေးသားထားတာတွေ့ရပါတယ်။ ပရိသတ်ကြိုက်ဇာတ်ကားကောင်းများစွာရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာသားညီရဲ့"လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ"ဇာတ်ကားကို မြက့်မြတ်နှင့်အတူ အားပေးဖို့ဖိတ်ခေါ်ရင်းမျှဝေပေးလိုက်ပါတယ်။

Photos -Thar Nyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။