ဖေဖော်ဝါရီ ၁၄ရက်ကို ဗယ်လင်တိုင်းဒေးတင်မဟုတ်ပါဘူး။ အင်တာနေရှင်နယ်ကွန်ဒုံးဒေးလို်ပြောရင်လဲ ဟုတ်ပါတယ်။

အင်တာနေရှင်နယ်ကွန်ဒုံးဒေး ပေါ်ပေါက်လာရပုံက ကမ္ဘာပေါ်မှ မလိုလားအပ်တဲ့ကိုယ်ဝန်ရရှိခြင်းတွေ၊ လိင်အင်္ဂါကတစ်ဆင့် ဒါမှမဟုတ် လိင်ဆက်ဆံခြင်းကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ မဖြစ်ပွားရအောင် ချစ်တင်းနှောရာမှာ ကွန်ဒုံးအသုံးပြုမှုကို မြှင့်တင်ဖို့အတွက် ရည်ရွယ်ပြီး သတ်မှတ်လိုက်တာပါ။ 

ကွန်ဒုံးကဘာလဲဆိုတာတော့ အရွယ်ရောက်ပြီးသူတွေ အကုန်သိပါတယ်။ ခုနကပြောသလို ကိုယ်ဝန်တွေမရအောင်၊ ရောဂါပိုးတွေမကူးစက်အောင် ချစ်တင်းနှောနေစဉ် ယောက်ျားလိင်အင်္ဂါမှာ စွတ်ရတဲ့ အရမ်းပါးလွှာတဲ့ ရာဘာအစွပ်လေးတစ်ခုဖြစ်ပါတယ်။ ဒါမှလည်း တစ်လွှာခြားပေမယ့် ကမ္ဘာခြားသလို မခံစားရမှာလေ။အင်တာနေရှင်နယ်ကွန်ဒုံးဒေးလေးကို ၂၀၀၉ခုနစ်ကနေစတင်ပြီး HIV/AIDS စတဲ့ လိင်ကတစ်ဆင့် ကူးစက်ရောဂါပိုး ခံစားရမှုတွေ နည်းပါးစေဖို့ AIDS Healthcare Foundation က ဗယ်လင်တိုင်းဒေးနဲ့ တွဲပြီး ကျင်းပဖို့ သတ်မှတ်ခဲ့တာပါ။

ကမ္ဘာပေါ်မှာ နှစ်တိုင်း လူပေါင်း ၅ဘီလီယံဟာ ကွန်ဒုံးကိုသုံးစွဲနေကြပြီး ၆၅ရာခိုင်နှုန်းသော အထက်တန်းကျောင်းသားတွေဟာ ချစ်တင်းနှောမှုကို ပြုလုပ်ကြတယ်လို့လည်း သိရပါတယ်။“ကျွန်မ သားရဲ့ကျောင်းလွယ်အိတ်ထဲက ကွန်ဒုံးထွက်ကျလာတာကို ကျွန်မမရှက်ပါဘူး။ အကယ်၍ ကျွန်မ သားရဲ့ ကျောင်းသွားဖော်သူငယ်ချင်းမလေး ဗိုက်ကြီးသွားတာမျိုး၊ ကျွန်မသား ကူးစက်ရောဂါဖြစ်တာမျိုး ဖြစ်ရင်တော့ ကျွန်မ အရမ်းရှက်မိမှာပဲ။” လို့ အမေရိကန်နိုင်ငံက အထက်တန်းကျောင်းသားတစ်ဦးရဲ့ အမေဖြစ်တဲ့ ရိုစ့်က ပြောပြခဲ့ဖူးတယ်။ကဲ …. ချစ်တင်းနှောတော့မယ်ဆို အရဲစွန့်ဖို့ မစဉ်းစားပါနဲ့။ ကွန်ဒုံးသုံးဖို့ အကြံပေးပါရစေနော်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။