Myanmar Idol season 3ရဲ့ 1st Runnerဆုရှင်ချမ်းမြေ့မောင်ချိုလေးကတော့ခုချိန်မှာနေပြန်ကောင်းလာပီးဆေးရုံကဆင်းရပီဖြစ်ပါတယ်။ပြိုင်ပွဲရဲ့Grand Final မရောက်ခင်မှာနေမကောင်းတာကြောင့်ဆေးရုံမှာဆေးကုသမှုခံယူနေခဲ့ရတာဖြစ်ပါတယ်။

Winnerဆုမရခဲ့ပေမယ့်လည်းမောင်ချိုလေးရဲ့ပရိတ်သတ်တွေကတစ်ခဲနက်အားပေးခဲ့ကြတာပါ။စိုးရိမ်ပူပန်နေတဲ့သူ့ရဲ့ပရိတ်သတ်ကြီးကိုအမောပြေသွားအောင်videoလေးတစ်ခုတင်ထားတာဖြစ်ပီးကြည့်ရှုသူချစ်ပရိတ်သတ်တွေကိုချစ်စေမှာအမှန်ပါပဲ။

မောင်ချိုဟာနလန်ထလာတာနဲ့နည်းနည်းလေးမှအငြိမ်မနေဘူးဆိုပီးသူ့ချစ်ပရိတ်သတ်တွေကိုနေပြန်ကောင်းလာပီဆိုကြောင်းအသိပေးထားတာပါ။Myanmar Idol Season 3ပြီးဆုံးသွားခဲ့ပေမယ့်မောင်ချိုဟာပရိတ်သတ်တွေရဲ့တစ်ခဲနက်အားပေးခြင်းကိုခံရတဲ့ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပါတယ်။သူ့ကိုစိတ်ပူနေတဲ့ပရိတ်သတ်တွေအတွက်စိတ်မပူကြဖို့ပြောရင်းနဲ့မောင်ချိုလေးရဲ့အနုပညာအလုပ်တွေကိုဆက်ပီးအားပေးလိုက်ပါဦးနော်။

SOURCE:Cham Myae Maung Cho

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။