ဒေါ်မိုးသီတာမိုးကတော့ ရုပ်ရှင်ဇာတ်ကားတွေ အဖြူအမည်း ခေတ်ကတည်းက အနုပညာလောကထဲ ရောက်ရှိနေတာဖြစ်ပါတယ်။ဒေါ်မိုးသီတာမိုးကတော့ မြန်မာရုပ်ရှင်လောကရဲ့ မိခင်ကြီးဆိုလဲ မမှားပါဘူး။ ဒေါ်မိုးသီတာမိုးကတော့ စနေ့နေ့ နေလည်၂နာရီလောက် မှာ လူကြီးရောဂါနဲ့ နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။ 

ဗေဧရာ ဖောင်ဒေးရှင်းကတော့ " အမေများအဖွဲ့မှ ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် အမေ ဒေါ်မိုးသီတာမိုး ဒီနေ့ နေ့လည် 2 နာရီခွဲက ကွယ်လွန်အနိစ္စရောက်သွားပါပြီ တနလ်ာနေ့ နေ့လည် 1 နာရီခွဲ အချိန် သန်လျင် အမိုးနီ သုသာန်မှာ မီးသင်္ဂြ ိုလ် ပါမယ် ကောင်းမွန်ရာ ဘုံဘဝသို့ အေးချမ်းစွာရောက်ရှိပါစေ "ဆိုပြီး စိတ်မကောင်းစွာနဲ့ ပြောဆိုထားပါတယ်။ 

အဖွားဒေါ်မိုးသီတာမိုးကိုတော့ မနက်ဖြန် ၂၀ရက်နေ့မှာ သုသာန်သို့ပို့ဆောင်ပေးမှာလဲ ဖြစ်ပါတယ်။ အနပညာရှင်အသိုင်းအဝိုင်းကတော့ မိဘလိုအားကိုးခဲ့ရတဲ့ အဖွားဒေါ်မိုးသီတာမိုးတစ်ယောက် အခုလို ကွယ်လွန်ခဲ့တာကြောင့် စိတ်မကောင်းဖြစ်နေကြပြီး ပရိသတ်တွေကလဲ ဝမ်းနည်းကြောင်း ပြောဆိုနေကြပါတယ်။

source ဗေဧရာ ဖောင်ဒေးရှင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။