အာရှအားကစားပြိုင်ပွဲအုပ်စု(F)ရဲ့နောက်ဆုံးပွဲစဉ်တွေကိုတော့မနက်ဖြန်မှာယှဉ်ပြိုင်ကစားရတော့မှာလည်းဖြစ်ပါတယ်။မြန်မာအသင်းဟာအုပ်စုတက်ဖို့အတွက်အီရန်အသင်းကို၄ဂိုးပြတ်အနိုင်ရမှအုပ်စုတက်နိုင်မှာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဆော်ဒီနဲ့ပွဲစဉ်မှာဒိုင်လူကြီးရဲ့ပယ်နတီ၂ဂိုးအပါအဝင်၃ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ရတဲ့မြန်မာအသင်းကတော့ဒီပွဲကိုမဖြစ်မနေဂိုးပြတ်နိုင်ဖို့လိုနေတာဖြစ်ပါတယ်။အီရန်အသင်းကလည်း၂၀၁၈ကမ္ဘာဖလားပြိုင်ပွဲဝင်ကစားသမားအများစုနဲ့ဖွဲ့စည်းထားတာကြောင့်မြန်မာအသင်းအတွက်ခက်ခဲတဲ့ပွဲစဉ်ဖြစ်လာမှာအသေချာပါပဲ။

ဆော်ဒီနဲ့ပွဲမှာဂိုးပြတ်ရှုံးနိမ့်နေခဲ့ပေမယ့်အကောင်းဆုံးစိတ်ဓာတ်ခြေစွမ်းတွေကိုတော့ပရိတ်သတ်တွေမြင်တွေ့ခဲ့ရပီးဖြစ်မှာပါ။၂၄နှစ်ကြာမှပြန်လည်ဝင်ရောက်ယှဉ်ပြိုင်တဲ့မြန်မာအသင်းအီရန်ကိုဂိုးပြတ်အနိုင်ရပီးအုပ်စုအဆင့်ကျော်ဖြတ်နိုင်မလားဆိုတာကနက်ဖြန်နေ့လည်၃:၃၀မှာအားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ကပါတယ်။

Photo:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။