ပါးချိုင့်မင်းသမီးလေးအဖြစ် ပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူစိုးမိုးထားနိုင်လွန်းတဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသမီးချောအေးမြတ်သူကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့အတူ ပရိသတ်တွေ အားကျချစ်ခင်နေရသူလေးပဲ ဖြစ်ပါတယ်..။

သူမရဲ့ပီပြင်တဲ့သရုပ်ဆောင်မှုတွေအပြင် ပြုံးလိုက်ရယ်လိုက်တိုင်း အားလုံးကိုအချစ်ပိုစေတဲ့ပါးချိုင့်လေးနဲ့ အချိုးအစားကျပြီးဆွဲဆောင်မှုရှိတဲ့ ခန္ဓာကောက်ကြောင်းအလှတို့ကလည်း ပရိသတ်တွေကို အမြဲဖမ်းစားထားတာပါပဲ..။

ရိုးသားပွင့်လင်းပြီးချစ်စရာကောင်းတဲ့ သူမရဲ့စကားပြောပုံလေးတွေနဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ချစ်ရတဲ့ ပရိသတ်တွေကို အမြဲပြန်လည်မျှဝေလေ့ရှိတာကလည်း သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေထဲက တစ်ခုပါပဲ မဟုတ်လားနော်..။

အခုလို ပြည်သူတွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းထားတဲ့ မမြတ်လေးကတော့ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ချစ်စဖွယ်အလှပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို ထပ်မံပြီး အချစ်ပိုစေပြန်တာ တွေ့ရပါတယ်..။

လွတ်လပ်ပေါ့ပါးတဲ့ဖက်ရှင်လေးနဲ့ ဆွဲဆောင်မှုရှိရှိ အရိုးရှင်းဆုံးလေးလှနေတဲ့ မမြတ်လေးရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကိုတော့ နာမည်ကျော်ဓာတ်ပုံဆရာနေမင်းထွန်းက အမိုက်စားရိုက်ကူးပေးထားတာပဲ ဖြစ်ပါတယ်..။

အားလုံးရဲ့အချစ်တော် မမြတ်လေးရဲ့ အဖြူရောင်ဆွယ်တာအင်္ကျီ၊ ဂျင်းဘောင်းဘီဖက်ရှင်လေးနဲ့ လွတ်လပ်ပေါ့ပါးစွာ လှသွေးကြွယ်နေတဲ့ ပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ Myanmarload ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - နေမင်းထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။