ပရိသတ်ကြီးရေ facebook cele တစ်ဦးဖြစ်တဲ့ ဆုလှိုင်ဝင်းကတော့ Cover Dance ဗီဒီယိုလေးတွေကတစ်ဆင့် လူသိများအောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ရှိတဲ့ Uni ကျောင်းသူတစ်ဦးဖြစ်ပြီး သူမရဲ့အလှကတော့ ပုရိသတွေရဲ့ရင်ထဲကို နေရာယူထားနိုင်ပါတယ်။ မြန်မာဝတ်စုံလေးနဲ့ ကောက်ကြောင်းအလှတွေ အထင်သားပေါ်နေတဲ့ သူမရဲ့လမ်းလျှောက်နေတဲ့ဗီဒီယိုလေးက facebook တစ်ခွင်မှာ အရမ်းကိုဟော့ဖြစ်ခဲ့ပါသေးတယ်၊၊

အခုနောက်ပိုင်းမှာ ဆုက မော်ဒယ်တစ်ဦးအဖြစ် အနုပညာလောကမှာ အခြေချကာ ကြော်ငြာတွေ စတင်လက်ခံရိုက်ကူးလာပြီ ဖြစ်ပါတယ်။ Dancer အဖြစ်လည်း အမိုက်စားအကဗီဒီယိုလေးတွေကို တင်ဆက်ပေးလေ့ရှိပြီး အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တာ တွေ့ရပါတယ်။ အခုလည်း ဆုက Joox Myanmar ရဲ့ Partyပွဲလေးကို တက်ရောက်ခဲ့တဲ့ သူမရဲ့အလှပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။

ဒီပွဲလေးကတော့ "JOOX Application" ရဲ့ Influencer Night Dinner Event လေးဖြစ်ပြီး အနုပညာရှင်များစွာ တက်ရောက်ခဲ့တဲ့ပွဲလေးဖြစ်ပါတယ်။ ကိုယ်စီအစိမ်းရောင်ဖက်ရှင်နဲ့ ပွဲတက်လာတဲ့ အနုပညာရှင်တွေကြားမှာ ဆုက ဘာဘီအရုပ်မလေးလို ခန္ဓာကိုယ်အလှတရားတွေ ပေါ်လွင်နေတဲ့အလန်းစားဖက်ရှင်လေးနဲ့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း Cele မလေး ဆုလှိုင်ဝင်းရဲ့ အပြင်းစားပုံရိပ်တွေကို ရှုစားဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Su Hlaing Win;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။