ပရိသတ်အချစ်တော် သင်ဇာနွယ်ဝင်းတို့မိသားစုလေးကတော့ ပရိသတ်တွေအားကျနေရတဲ့ အနုပညာရှင်မိသားစုလေးတစ်ခုဆိုရင်မမှားနိုင်ပါဘူးနော်။အိမ်ထောင်ရေးကံကောင်းလှတဲ့သူမကတော့လက်ရှိမှာချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ရရှိလာခဲ့ပြီးပရိသတ်တွေအချစ်ပိုနေရတဲ့မိသားစုလေးအဖြစ်ရှိနေပါတယ်။ချစ်စရာကောင်းတဲ့သူတို့မိသားစုလေးကတော့ ကြော်ငြာလေးတောင်ရိုက်ကူ းနေရပြီပဲဖြစ်ပါတယ်နော်။

သားလေးရလာကတည်းက မိသားစုအပေါ်ပဲအချိန်ပေးပြီး အနုပညာအလုပ်တွေမလုပ်တော့ဘူးလို့ကြော်ငြာထားတဲ့ သင်ဇာနွယ်ဝင်းကတော့တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှုတွေမလုပ်ပေမယ့်လည်း မိသားစုသုံးယောက်အတူအနုပညာလုပ်ငန်းလေးတော့ လုပ်ကိုင်နေကြပြီပဲဖြစ်ပါတယ်။သူတို့မိသားစုလေးကတော့ Happy Mammy ဆိုတဲ့ ကြော်ငြာလေးတစ်ခုရိုက်ကူးနေကြတာပဲဖြစ်ပါတယ်။ပရိသတ်အချစ်တော် Peachလေးကလည်း ဖေဖေမေမေတို့ အတူ ကြော်ငြာရိုက်ကူးနေရတာကြောင့် အရမ်းကိုပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။

သင်ဇာနွယ်ဝင်းရဲ့ လူမှုကွန်ယက်မှာလည်း "ဒီနေ့ သဉ္ဇာတို့မိသားစု Happy Mammy ကြော်ငြာရိုက်ဖြစ်ပါတယ်။ သားလေးကအရမ်းလိမ္မာတယ်ဂျီမကျလို့ မင်းသားလုပ်ခိုင်းလိုက်တော့မယ်နော်"ဆိုတဲ့စာလေးနဲ့အတူချစ်စရာကောင်းတဲ့ကြော်ငြာရိုက်ကွင်းပုံရိပ်လေးတွေမျှဝေထားတာပဲဖြစ်ပါတယ်။ကြည်နူးစရာကောင်းတဲ့သင်ဇာနွယ်ဝင်းတို့မိသားစုလေးရဲ့ ကြော်ငြာရိုက်ကွင်းဓာတ်ပုံလေးတွေကိုလည်းတင်ဆက်ပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - သင်ဇာနွယ်ဝင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။