သရုပ်ဆောင်မယ်လိုဒီကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး သရုပ်ဆောင်ချက်အမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်လွန်းတာကြောင့် အကယ်ဒမီတွေပါရရှိခဲ့သည်အထိ အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကတော့ ယခုမှာ အနပညာအလုပ်တွေကနေ အနားယူနေပြီး ချစ်စရာကောင်းတဲ့ သားလေးကို အချိန်ပေးနေပါတယ်။

သူမကတော့ " ဘာလိုလိုနဲ့ သားလေး Siddhi Sitt (သိဒ္ဓိစစ်) ၃နှစ်ကျော်လာပြ ီမေမေကတော့ ၃၆ပြည့်တော့မယ်နောက်တစ်ယောက် အမြန်ယူသင့်ပြီ ကလေးပြောပါတယ် ၇ရက်သားသမီး အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝ ကြပါစေရှင် " လို့ပြောထားပါတယ်။ သူမကတော့ မကြာခင်မှာအသက် ၃၆နှစ်ပြည့်တော့မှာပဲဖြစ်ပါတယ်။

သူမရဲ့ သားလေး သိဒ္ဓိစစ်ကတော့ ပရိသတ်တွေရဲ့အသည်းကျော်လေးဖြစ်ပြီး သိဒ္ဒိစစ်ဘေးကတော့အသက် ၃နှစ်ကျော်လာပြီပဲဖြစ်ပါတယ်။ သူမကတော့ သားလေးသိဒ္ဒိစစ်အပြင် နောက်ထပ်ကလေးတစ်ယောက်ထပ်ယူဖို့ စဉ်းစားနေပါတယ်လို့စနောက်ထားပါတယ်။ ချစ်ပရိသတ်ကြီးအတွက် သရုပ်ဆောင်မယ်လိုဒီတို့သားအမိလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေပို ဖော်ပြပေးလိုက်ပါတယ်။ 

source  မယ်လိုဒီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။