လူငယ်အမျိုးသမီး သူနာပြုတစ်ဦး ဓားဒဏ်ရာ ၁၉ ချက်ဖြင့် ရက်စက်စွာသတ်ဖြတ်ခံရ

မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက် နေအိမ်ဆိုင်အတွင်း အသက် ၂၄ နှစ်အရွယ် သူနာပြုအမျိုးသမီးငယ် မလီဆန်ပန် အသတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သူမဟာ အဒေါ်ဖြစ်သူနှင့်အတူနေထိုင်သူဖြစ်ပြီး အသတ်ခံရသည့် နေရာကတော့ သူ့ညီဝမ်းကွဲရဲ့ အိမ်ဆိုင်မှာ ဆိုင်စောင့်နေစဉ် အသတ်ခံရတယ်လို့ သိရပါတယ်။စစ်ဆေးချက်အရ လူသတ်မှုဖြစ်စဉ်နှင့်ပတ်သတ်ပြီး မြစ်ကြီးနားအမှတ် ၂ ရဲစခန်းမှူး ဦးဆန်းဦးဟာ ယခုလိုပဲဖြေကြားခဲ့ပါတယ်။

“ဖြစ်စဉ်ကတော့ လက်ရှိအနေအထားအရ မနေ့တုန်းက ၅ နာရီခွဲလောက် ကျနေ်ာတို့ကို အကြောင်းကြားတာပေါ့။ ၅ နာရီိခွဲမှာ သူ့အစ်ကိုက စတွေ့တာပေါ့။ တရားလိုက တွေ့တော့ ရဲကို ချက်ချင်းအကြောင်းကြားတယ်။ ရဲကချက်ချင်းသွားတယ်။ ”

“အလောင်းကို စတွေ့တဲ့နေရာမှာတော့ ပက်လက်အနေအထား အနောက်ဘက်ကို ခြေပြုပြီး အရှေ့ဘက်ကို ခေါင်းပေါ့။ ပက်လက်အနေအထားနဲ့ ရင်ဘတ်မှာ ဓားဒဏ်ရာနဲ့၊ ကျောကုန်းမှာ ဓားဒဏ်ရာနဲ့ အကျႌက အတွင်းခံတထည်၊ အပေါ်က တထည်၊ အပေါ်က အနွေးထည်တထည် အောက်က ဘောင်းဘီရှည် နဂိုပုံစံအတိုင်းပဲ မုဒိမ်းပြုကျင့်ထားတဲ့အနေအထား မရှိပါဘူး။”

“အဲဒီမှာက သူက မနက် ၉ နာရီခွဲ ၁၀ နာရီလောက်ဆိုရင် ဆိုင်သွားဖွင့်တာပေါ့။ ညနေ ၅ နာရီလောက်ဆိုရင် ဆိုင်ပိတ်ပြီး ပြန်သွားတာပေါ့။ အဲဒီမှာ သူ့အစ်ကို တဝမ်းကွဲက ပန်းတိမ်က လူပျို ဆိုတော့ အဲမှာ လာပြန်အိပ်တယ်။ သူကတော့ သူ့အဒေါ်တွေဆီပြန်ပြီးအိပ်တာပေါ့။ ဆိုင်ဖွင့်ထားတဲ့ နေရာ ကြက်ပေါင်ခြံရပ်ကွက်၊ သူ့အဒေါ်အိမ်ကျတော့ မြေမြစ်ရပ်ကွက်မှာ ၃ မိုင်လောက်ရှိတာပေါ့။”

“ဆိုင်က အအေးတို့၊ ချိုချဉ်ဆိုင်လေးတို့၊ ပုံမှန်ပစ္စည်းတွေပေါ့။ သူဖွင့်ထားတာမဟုတ်ဘူး။ သူ့အစ်ကို တဝမ်းကွဲတွေဥစ္စာပေါ့။ အမေညီမတွေ မွေးတဲ့မောင်ပေါ့။ အောင်ကိုလင်းရဲဆိုင်ပေါ့။ သူက လတ်တလော အလုပ်အကိုင်မရှိသေးဘူး။ ပထမဦးဆုံးသူက ဗန်းမော်သူနာပြု တက္ကသိုလ်မှာ ကျောင်းပြီးတယ်။ ကျောင်းပြီးတဲ့အချိန်ကျတော့ မန္တလေးကို တာဝန်ကျတယ်။ မန္တလေးမှာ ၃ လ လောက်ပဲ အလုပ်လုပ်ပြီးတော့ မပျော်လည်းမပျော်ရော အဲဒီလုပ်ကနေ ထွက်လာပြီးတော့ မြစ်ကြီးနား သူ့အဒေါ်တွေရှိတဲ့နေရာမှာ ၂၀၁၄ ခု မှာ အီးမေဂျာ စတက်တယ်။ ဒုတိယနှစ်အခု ဒီနှစ်အောင်သွားတာပေါ့။ အောင်ပြီး တတိယနှစ်တက်မယ့်အချိန် ပေါ့။”

“ကျနေ်ာတို့ အခု အခင်းဖြစ်တဲ့နေရာမှာ ကျန်ခဲ့တဲ့ ဆေးလိပ်တိုတို့၊ နောက်ဖြစ်ထားတဲ့ ဒဏ်ရာ ဒဏ်ချက်တို့ နောက်အခု ဒီကောင်မလေးရဲ နောက်ကြောင်းကို လေ့လာလိုက်တဲ့အချိန်မှာ သူက ရည်းစားနည်းနည်းများတယ်။ ဖေ့ဘွတ်ခ်တွေဘာတွေမှာ သူ့အကောင့်ကို ဝင်ကြည့်တဲ့အချိန်မှာ မူလကြိုက်တဲ့ရည်းစားနဲ့ ဘာမှ ပတ်သက်မှုတော့မရှိဘူး။ အဲဒီကလေးကလည်း ရှိနေတယ်ဆိုတာ သိတယ်။ ဘာမှ လှုပ်ရှားမှုမရှိဘူးဆိုတာ မနေ့က စစ်ပြီးပြီပေါ့။ နောက်ကျန်တဲ့ သံသယဖြစ်တဲ့ဥစ္စာတွေက ဒီလောက်အသက်အရွယ်နဲ့ဆိုရင် သူ့မှာရှိတဲ့ စိတ်ဝေဒနာရှင်များလား။ ဒီကောင်မလေးက ချောတော့ချောတယ်။ သူ့ကိုကြိုက်ပြီးတော့ ဒီကောင်လေးက သဘောမတူလို့များ လုပ်တာလားဆိုတာ သုံးသပ်တာပေါ့။ ”

“ တယောက်ထဲပါ။ တယောက်ထဲပါ။ ကျနော်တို့ အခု ရင်ခွဲပြီးတော့ ၀၉း၄၀ ကနေ ၁၁း၂၀ အထိ ရင်ခွဲစစ်ဆေးတာ။ ဆရာဝန်ကြီးတွေနဲ့ ဆရာဝန်ကြီးတွေကလည်း ကချင်အမျိုးသားတွေပါပဲ။ သူတို့နဲ့ စစ်ဆေးဆောင်ရွက်တဲ့အချိန်မှာ အဲဒါတွေ သွားတွေ့တာပေါ့။ ဓါးက ထိုးထားတဲ့ဟာက ဒဏ်ရာတခုထဲပေါ့။ ပြန်နှုတ်လိုက်တဲ့အချိန်မှာ နည်းနည်းအပေါက်ကျယ်သွားတာပေါ့။ အတွင်းကလီစာ ထိတွေ့တဲ့ဟာတွေက အတူတူပဲ ဓါးဦးချွန်ပဲ။  ”

“လူတယောက်တည်းပါခင်ဗျာ။ လတ်တလော ဒဏ်ရာကို ကြည့်ခြင်းအားဖြင့် လူတယောက်တည်းလို့ သုံးသပ်တာပေါ့။ လူတယောက်တည်းက အချစ်စိတ်နဲ့သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ အရသော်လည်းကောင်း၊ ဒီလောက်အချက်ရေကျတော့ ကျနော်တို့ သုံးသပ်တာပေါ့။ ကျနော်တို့ ရဲအတွေ့အကြုံနဲ့ ကျနော်တို့တွေ့ရှိတဲ့ ရင်ခွဲစစ်ဆေးမှုနဲ့။  ”

“အဲလိုတော့ ဆက်စပ်မှု မရှိနိုင်ပါဘူး။ လူ့အခွင့်အရေးဆိုတာထက် ဒီလိုရှိပါတယ်။ သူက ဟိုကနေ အလုပ်ထွက်လာပြီး မပျော်လို့ဆိုပြီးတော့ အဒေါ်ဆိုင်မှာ အလုပ်လုပ်တယ်။ အန်ဂျီအိုဘာညာ၊ စစ်ဘေးရှောင်အဖွဲ့တွေက သူရည်းစားက ရှိတော့ အဲလိုမျိုး ဝိုင်းပြီးတော့ လိုက်လုပ်ပေးတာပါ။ ဟိုလိုမျိုးအခွင့်အရေးတွေနဲ့ မဆိုင်ပါဘူး။ လိုက်ပြီးကူညီပေးတယ်ဆိုတာက သူ့ရည်းစားလေးက အဲဒီဌာနမှာလုပ်တော့၊ စစ်ဘေးရှောင်အဖွဲ့တွေဘာတွေနဲ့ လုပ်တယ်။ လွန်ခဲ့တဲ့ ၂ လလောက်က အဲဒီအဖွဲ့တွေ ခဏရပ်နေတယ်။ အဲဒီမှာ ကူညီဆောင်ရွက်ပေးတာ။ သူ့ရဲ့ ပင်မလုပ်ငန်းက အဒေါ်အိမ်မှာနေတယ်။ ဆိုင်လေးထွက်တယ်။ ဒါပဲ။ ”

“တော်တော်ပြတ်တယ်။ သူက ရပ်ကွက်ရဲ့ထိပ်မှာ ဆိုင်ပေါ့။ ဘေးမှာ ဘုန်းကြီးကျောင်း အကျယ်ကြီးပဲ။ အရှေ့ဘက်မှာကျတော့ ဘောလုံးကွင်းအဟောင်း၊ လယ်ကွင်းကြီးပေါ့။ တောင်ဘက်တွေကျတော့ ခြံတွေက ခြံအကျယ်ကြီးတွေပေါ့။ သူတို့ဦးလေးတွေက ခြံတွေဘာတွေရထားတော့ အိမ်လေးဆောက်ပြီးတော့ တောင်ဘက်လောက်မှာ စျေးဆိုင်လေးရောင်းတာပေါ့။ စျေးဆိုင်က တနေ့မှ ၁၈၀၀၀ ဖိုးလောက်ပဲ ရတဲ့ စျေးဆိုင်လေးရောင်းပြီးတော့ နေကြတဲ့သဘောပါပဲ။”

“ ၅ နာရီခွဲလောက်မှာ သူ့အစ်ကိုက တွေ့တယ်။ ရဲက ၅ နာရီ ၄၅ မှာ ချက်ချင်းရောက်သွားတယ်။ အလောင်းနဲ့ပတ်သက်ပြီး ဆရာဝန်ကြီးတွေရဲ့ ဆေးစာထင်မြင်ချက်အရ သေဆုံးချိန် ခန့်မှန်းချိန် နေ့လည် ၁ နာရီကနေ ၅ နာရီကြားမှန်းတာပေါ့။ ”

“တရားခံဖမ်းမိရေးအတွက် အခုကျနော် စခန်းမှူးက အမှုကို အသေးစိတ် စစ်ဆေးတဲ့ အတွေ့အကြုံအရ အဖွဲ့ ၃ ဖွဲ့ ဖွဲ့တယ်။ ဘယ်သူဖြစ်နိုင်မလဲ၊ ဘယ်လိုလုပ်မလဲဆိုတာ။ ဒုရဲအုပ်၊ နယ်ထိန်းခေါင်းဆောင်အဖွဲ့၊ ဒုစခန်းမှူး ရဲအုပ်တင့်လွင်အဖွဲ့၊ စခန်းမှူး ကျနော်အဖွဲ့နဲ့ အဲလို တောက်လျောက်စစ်ပြီးတော့မှ  မသင်္ကာတဲ့သူတွေ၊ စိတ်ဝေဒနာရှင်တွေ၊ ဆေးကြောင်တဲ့ လူတွေများရှိမလား၊ နောက်သူရဲ့ ချစ်သူတွေရဲ့ နောက်ကြောင်းကို နည်းမျိုးစုံနဲ့ပေါ့။ ၂၄ နာရီ အတွင်း ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ”

Source: Kumudra

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။