ပရိတ်သတ်တွေအနေနဲ့ အရင်တုန်းကသာမက ယခုအချိန်ထိ မိမိအားပေးနှစ်သက်ခဲ့ရတဲ့ အနုပညာရှင်ကြီးတွေ များစွာရှိခဲ့မယ်လို့ထင်ပါတယ်။ ငယ်စဉ်အချိန်က ရုပ်ရှင်ကားတွေကို အဖြူအမဲ ရုပ်ရှင်တိပ်ခွေ ကြီးတွေနဲ့ ကြည့်ခဲ့ရစဉ်အခါက မိမိကြိုက်နှစ်သက်ခဲ့ရတဲ့ အနုပညာရှင်ကြီးတွေကတော့ ယနေ့အချိန်မှာဆို ပြောက်ကွယ်သွားတဲ့သူတွေလည်း များစွာရှိခဲ့ပြီပဲဖြစ်ပါတယ်။

ပရိတ်သတ်တွေယခုမြင်တွေ့နေရတဲ့ ပုံရိပ်လေးတွေဟာဆိုရင်လည်း တချိန်က မိမိအားပေးနှစ်သက်ခဲ့ရတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ထိုပုံရိပ်လေးတွေထဲက တချို့ အနုပညာရှင်တွေဟာဆိုရင်တော့ လူ့လောကထဲကနေ ထွက်ခွာသွားခဲ့ပြီဖြစ်တဲ့အတွက် ယခုအချိန်မှာ ပုံရိပ်လေးတွေသာ ပြန်ကြည့်ရင်း သူဖန်တီးခဲ့တဲ့ အနုပညာတွေကို ပြန်လည်တွေးတော ခံစားရုံမျှသာတတ်နိုင်တော့မှာ ပဲဖြစ်ပါတယ်။

ယခုလိုအနုပညာရှင်တွေရဲ့ ငယ်ဘဝက ပုံရိပ်လေးတွေကိုမြင်ရတော့ ငယ်ငယ်က ဗီဒီယုံမှာ လူကြားထဲ တိုးဝှေ့ကြည့်ခဲ့ရတဲ့ဘဝတွေ ရက်ကွပ်ထဲက Tv ဝယ်နိုင်တဲ့ အိမ်လေးတွေမှာ သွားရောက်ကြည်ခဲ့ရတဲ့ ဘဝလေးတွေကိုတောင် ပြန်သတိရမိသလိုခံစားချက်လေး ဖြစ်ပေါ်လာစေပါတယ်။ တချို့တေးသံရှင်တွေရဲ့ ငယ်ဘဝကပုံရိပ်လေးတွေ ပြန်မြင်မိတော့လည်း ငယ်ငယ်က ဘောင်းဘီအပွကြီးတွေ အိမ်ကိုပူဆာပြီး rapper ရူးရူးခဲ့ကြတဲ့ အချိန်တွေကို ပြန်သတိမရကြဘူးလား ပရိတ်သတ်ကြီးရေ။ ပုံရိပ်လေးတွေထဲမှာပါဝင်နေတဲ့ အနုပညာရှင်တွေရဲ့ နာမည်တွေအကုန်လုံးကို မှတ်မိကြလို့ရှိရင်လည်း နာမည်လေးတွေပြောပြခဲ့ကြဦးနော်။

Photo credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။