ပရိသတ်တွေရဲ့ အချစ်တော်နှစ်ဦးဖြစ်ကြတဲ့ မင်းသားချောလေးအောင်မင်းခန့်နဲ့ မင်းသမီးချောလေးမေမြင့်မိုရ်တို့ကတော့ MRTV-4 မင်းသား မင်းသမီးချောတွေထဲမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အများဆုံးနဲ့အခိုင်မာဆုံးရရှိထားကြတဲ့ ပြည်သူ့အချစ်တော်လေးတွေပါပဲ..။

အားလုံးက ချစ်ခင်အားပေးနေကြတဲ့ ပြည်သူ့အသည်းကျော်နှစ်ဦးကတော့ အနုပညာတွေကို အတူတွဲဖက်လုပ်ဆောင်နေပြီး လတ်တလောမှာလည်း Music Video လေးတွေ ရိုက်ကူးနေတယ်လို့ သိရပါတယ်..။

ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေရင်း နှစ်ဦးသားပျော်ရွှင်ရယ်မောနေကြတဲ့ သူမတို့ရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကို သဘောကျအချစ်ပိုစေပြန်တာပါပဲနော်..။

အချစ်တော်မေလေးက မင်းသားချောလေးအောင်မင်းခန့်ကို ပန်းပေးနေတဲ့ ချစ်စဖွယ်ပုံလေးမှာတော့ နှစ်ဦးသား ဟန်ဆောင်မှုကင်းကင်းနဲ့ ပျော်ရွှင်မှုလေးတွေဖလှယ်ပြီး ရယ်မောနေကြတာမို့ ပရိသတ်တွေသဘောကျနေကြတဲ့ အဓိကပုံရိပ်လေးဆိုလည်း မမှားပါဘူး..။

မင်းသားချောလေးအောင်မင်းခန့်နဲ့ မင်းသမီးချောလေးမေမြင့်မိုရ်တို့ကတော့ ပရိသတ်အချစ်တွေနဲ့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေကြသလို ချစ်စရာကောင်းပြီး လိုက်ဖက်ညီလွန်းလှတာမို့လည်း နှစ်ယောက်အတူရိုက်ကူးမယ့် ဇာတ်ကားတွေကိုလည်း ပရိသတ်တွေစောင့်မျှော်နေကြတာ တွေ့ရပါတယ်..။

လတ်တလောမှာတော့ ရိုက်ကွင်းပေါ်မှာ အပြုံးလေးတွေဖလှယ်ရင်း ပျော်ရွှင်နေကြတဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်အချို့ကိုလည်း ချစ်ရတဲ့ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - မေမြင့်မိုရ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။