တက္ကစီယာဉ်မောင်းဦးနေဝင်းဧ။် သမီးကြီးအတွက် CB ဘဏ်သိန်းငါးဆယ်လှူ

ရန်ကုန်လေဆိပ်သေနတ်ပစ်လုပ်ကြံမှုတွင် သေနတ်သမားအားကူညီဖမ်းဆီးခဲ့သည့်

တက္ကစီယာဉ်မောင်း ဦးနေဝင်း၏သမီးကြီးဖြစ်သူ မပြည့်ပြည့်၏ ပညာရေးအတွက်အသုံးပြုရန် CB ဘဏ်က

ထောက်ပံ့ငွေကျပ်သိန်းငါးဆယ်ကို ဖေဖော်ဝါရီ ၉ ရက် ညနေတွင် သွားရောက် ပေးအပ်ခဲ့သည်။

ထောက်ပံ့ငွေများကို CB ဘဏ်တွင်အကောင့်ဖွင့်၍

သွားရောက်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မပြည့်ပြည့်မှာ အသက်မပြည့်သေးသည့်အတွက်

မိခင်ဖြစ်သူဒေါ်စန်းရီ၏အမည်ဖြင့် ဘဏ်တွင်အကောင့်ဖွင့်ပေးထားခြင်းဖြစ်သည်။

မပြည့်ပြည့်အသက်ပြည့်မှသာ အမည်ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ၊

အဆိိုပါလှူဒါန်းမှုကို လှိုုင်မြို့နယ်၊၂ ရပ်ကွက်ရှိ မပြည့်ပြည့်၏ နေအိမ်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ဇန်နဝါရီ ၂၉ ရက်

ညနေ ၅ နာရီခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သေနတ်သမား၏ လုပ်ကြံခံခဲ့ရရာ

တက္ကစီယာဉ်မောငး်ဦးနေဝင်းက သေနတ်သမားကို ဝိုင်းဝန်းဖမ်းဆီးပေးရင်းသေဆုံးခဲ့ရခြင်းဖြစ်သည် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။