၁၈၉၆ ခုနှစ်၊ သြဂုတ်လ(၂၇)ရက်နေ့က ဖြစ်ပွားခဲ့သော အင်္ဂလိပ်နှင့် ဇန်ဇီဘာနိုင်ငံတို့(၃၈) မိနစ်ကြာ ဖြစ်ပွားခဲ့သည့် စစ်ပွဲကို ကမ္ဘာ့ အချိန်အတိုဆုံးစစ်ပွဲဟု အသိအမှတ်ပြုကြပါတယ်။ ဇန်ဇီဘာနိုင်ငံအား အင်္ဂလိပ်ကိုလိုနီတို့အုပ်ချုပ်ထားမှုကို ထောက်ခံကာ ပူးပေါင်းအုပ်ချုပ်ခဲ့သော ဇန်ဇိဘာ ဘုရင်ဟာမက်ဘင် သူဝိုင်နီသည် ၁၈၉၆ ခုနှစ် သြဂုတ်လ (၂၅)ရက်နေ့တွင် ကွယ်လွန်ခဲ့ရာမှ စစ်ပွဲစတင်ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး သူဝိုင်နီ ကွယ်လွန်သည်နှင့် တစ်ပြိုင်နက် တူဖြစ်သူ ခါလစ်ဘင်ဘာဂက်ရှ် က ဇန်ဇီဘာနိုင်ငံ အား အာဏာသိမ်းယူခဲ့ပါတယ်။

ဗြိတိသျှတို့က ယင်းတို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ယူဆထားသူ ဟာမွတ် ဘင် မိုဟာမက်ကို အာဏာပေးစေလိုသဖြင့် ဘာဂက်ရှ်အား အာဏာစွန့်လွှတ်ရန် ရာဇသံပေးခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ဘာဂက်ရှ်က ဗြိတိသျှတို့ တောင်းဆိုမှု ကို ပယ်ချလိုက်ပြီး နန်းတော်တွင် တပ်များကို ချထားလိုက်ချိန်တွင် ဗြိတိသျှတို့က နန်းရှေ့ရှိ ဆိပ်ကမ်းတွင် ရေတပ်သင်္ဘော (၅)စီး ကို တပ်စွဲထားခဲ့ပြီး နောက်ဆုံးအချိန်တွင် ဘာဂက်ရှ်က ကျွန်းပေါ်ရှိ အမေရိကန်ကိုယ်စားလှယ်မှတစ်ဆင့် ဗြိတိသျှတို့နှင့် ငြိမ်းချမ်းရေး ညှိနှိုင်းရန် ကြိုးပမ်းခဲ့သော်လည်း ဗြိတိသျှဘုရင့်ရေတပ်က ရာဇသံ အချိန်စေ့ချိန် သြဂုတ်လ (၂၆)ရက် နံနက် (၉) နာရီတွင် နန်းတော်အား စတင်ပစ်ခတ်ခဲ့တာကြောင့် နန်းတော်ပြိုကျပြီး လူများသေကုန်ကြသဖြင့် ဘာဂက်ရှ်သည်နန်းတော်မှ အလျင်အမြန်ဆုတ်ခွါကာ ဂျာမန် ကောင်စစ်ဝန်ထံ ခိုလှုံခွင့်တောင်းခဲ့ပါတယ။ 

ပစ်ခတ်မှုများသည် (၃၈)မိနစ်အတွင်း ပြီးဆုံးသွားခဲ့ပြီး ဗြိတိသျှတို့က ဂျာမာန်တို့အား နန်းကျဘုရင် ဘာဂက်ရှ်ကို အပ်နှံရန် တောင်းဆိုခဲ့သော်လည်း ဘာဂက်ရှ်သည် အောက်တိုဘာလ(၂) ရက်တွင် ပင်လယ်တွင်းသို့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ ဘာဂက်ရှ်သည် ဒါအက်စ် စလမ်တွင် ပြည်ပြေးဘဝဖြင့် နေထိုင်ခဲ့ပြီး ၁၉၁၆ ခုနှစ်တွင်ဗြိတိသျှတို့က ဘာဂက်ရှ်အား ဖမ်းမိသွားခဲ့ရာ ဗြိတိသျှတို့က ဘာဂက်ရှ်အား မွမ်ဘာဆာတွင် နေထိုင်ခွင့်ပြုခဲ့ပြီး ၁၉၂၇ ခုနှစ်တွင် ဘာဂက်ရှ် ကွယ်လွန်ခဲ့ပါတယ်။ (၃၈) မိနစ်စစ်ပွဲအပြီးတွင် ချုပ်ဆိုခဲ့သော စာချုပ်အရ ဗြိတိန်တို့က ဇန်ဇီဘာအစိုးရအား နန်းတော်သို့ ပစ်ခတ်ခဲ့ရသည့် စစ်စရိတ်ကို ပေးလျော်ရန် တောင်းခံခဲ့ပါတယ်။ 

Source : သုတစွယ်စုံမဂ္ဂဇင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။