ပဲခူးမြို့နယ်၊အင်းတကော်နယ်မြေရဲစခန်းအပိုင်၊

အမှတ်(၄)ရပ်ကွက်၊ရန်ကုန်-မန္တလေးကားလမ်း

မိုင်တိုင်အမှတ်(၃၅/၄)အနီး၊ဟုန်းဂရူးစက်ရုံရှေ့တွင်(၁၁.၂.၂၀၁၇)နေ့ နံနက်(၇)

နာရီအချိန်က ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ ပဲခူးမြို့ဘက်မှ

ရန်ကုန်မြို့ဘက်သို့ ယာဉ်မောင်း စည်သူ(၄၀)နှစ်၊(ဘ)စုံစမ်းဆဲ၊ဖက်ကလိပ်ရပ်ကွက်၊ကျိုက်ထိုမြို့နေသူမောင်းနှင်လာသည့် 2L/××××သိန်းသန်းကျော် မှန်လုံယာဉ်

ကျိုက်ထို-ရန်ကုန် ခရီးသည်တင်ယာဉ်လိုင်း၊ဖြူ/မိုးပြာရောင်၊လိုင်စင်ရှိယာဉ်သည်

အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့တက်သွားပြီး လမ်းလယ်ကျွန်းပေါ်

တွင်ရပ်နေသည့် အမျိုးသမီး(၄)ဦးအားဝင်ရောက်မိခဲ့ပြီး အမည်/အသက်/နေရပ်စုံစမ်းဆဲအမျိုးသမီး(၂)ဦး နေရာတွင်သေဆုံးသွားခဲ့၍ ကျန်အမျိုးသမီး(၂)ဦးမှာ

ဒဏ်ရာများရရှိခဲ့သဖြင့် ပဲခူးပြည်သူ့ဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ)ဖြင့်

ဆေးကုသမှုခံယူလျှက်ရှိပြီး အင်းတကော်နယ်မြေရဲစခန်းမှ ယာဉ်အားမဆင်

မခြင်မောင်းနှင်ထွက်ပြေးသူ ယာဉ်မောင်း စည်သူအားယာဉ်(ပ)၁၀/၂၀၁၇

ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၀၂ အရအမှုဖွင့်အရေးယူထားကြောင်းသိရှိရပါသည်--

Ko Thant Zin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။