သရုပ်ဆောင်ပီပြင်လွန်းလို့ ပရိသတ်တွေရဲ့ နှလုံးသားမှာ နေရာအပြည့်ယူထားတဲ့ မြင့်မြတ် တစ်ယောက်ကတော့ ရာထူးတိုးပြီး ဖေဖေ မြင့်မြတ်ဖြစ်သွားပြီဆိုတာတော့ ပရိသတ်တွေ သိပြီး ဖြစ်မှာပါနော် ။ ဂျင်းကောင်ပေါက်စလေးလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ရတဲ့ မြင့်မြတ်ရဲ့ သား လေးကတော့ သူ့အမေလိုအသားဖြူပြီး မြင့်မြတ်လို ချောတဲ့ ကလေးလေးဆိုတော့ အရမ်း ကို ချစ်စရာကောင်းလွန်းပါတယ် ။

မင်းသားမြင့်မြတ်ကနေ ဖေဖေမြင့်မြတ် ဖြစ်သွားတဲ့ မြင့်မြတ်တစ်ယောက်ကတေ့ာ အခုထက်မံ ရာထူးတိုးတဲ့ အနေနဲ့ ပျိုမေတို့ရဲ့ ယောက္ခမ လို့ ခေါ်ခြင်းကို ခံနေရတာပါ ။ မိန်းကလေး ပရိသတ်တွေက ယောက္ခမလို့ဝိုင်းခေါ်ပြီး စနောက်နေကြပေမယ့် သူကတော့ သူ့သားလေး ကိုချစ်တဲ့ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်တဲ့ ။ သူ့သားလေးကို ဘယ်လောက်တောင် ချစ်လဲဆိုရင် အရိပ်တကြည့်ကြည့်နဲ့ကို ခဏခဏ ကြည့်နေတဲ့အထိပါဘဲ ပရိသတ်ကြီးရေ ..။

သားသားကိုချစ်လို့ ချွေးမတော်ဖို့ တန်းစီနေတဲ့ မိန်းကလေး ပရိသတ်တွေကတော့ အခုထဲက နေရာဦးနေကြပါပြီနော် ။ ဖေဖေမြင့်မြတ်တစ်ယောက်လဲ ခေါင်းကျိန်းနေလောက်ပါပြီ ပရိသတ် ကြီးရေ ..။ ဂျင်းကောင်ပေါက်စလေး ကိုချစ်တဲ့ ပရိသတ်ကြီးအတွက် ဂျင်းကောင်သားအဖရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Myint Myat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။