မိုက်တီး အဖမ်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လတ်တလောမှာ အနုပညာရှင်တွေကြားမှာ ခံစားမှုတွေအသံတွေ ဖော်ထုတ်နေကြတဲ့အချိန်မှာ ခံစားချက်တွေ ဖော်ထုတ်လိုက်တာကတော့ နိုင်ငံကျော် ရုပ်ရှင်မင်းသမီးဟောင်း ဟန်နီထွန်းပါ ။ ဟန်နီထွန်း ရဲ့ ပြောဆိုချက်တွေကို ပြန်လည် တုန့်ပြန်လိုက်တာက တော့ နိုင်ငံကျော်အဆိုတော် လီလီနိုင်ကျော်ပါ ။ လီလီနိုင်ကျော်ဆိုတာက တော့ သြင်္ကန်တိုင်းကြားနေရတဲ့ ကျီစားသလား သီချင်းကို သီဆိုခဲ့တဲ့ မူရင်းအဆိုတော်ပါ ။

ဟန်နီထွန်းရဲ့ ကျေးဇူးရှိလို့ ကျေးစွပ်တယ်ဆိုတဲ့ စကားလုံးကို လီလီနိုင်ကျော်ကတော့ အခုလိုဘဲခပ်ကြမ်းကြမ်း တုန့်ပြန်လိုက်တာပါ ။ သတင်းပေးလို့သိန်း ၃၀ရတယ်ဆိုဘဲ...လူပြော လူယုံခွေးပြောခွေးယုံပေါ့နော် ဘာတဲ့လူတစ်သိုက် ခေါ်လာပီးတွေ့ခွင့်တောင်းသတဲ့သူက ကျမလင် မို့လို့လား အားအားယားယား။ ဟဲ့ ဟန်နီထွန်သတင်းပေးလို့ချီးမြှင့်ဆုငွေ သိန်း၃၀ ဘယ်မှသွားထုတ်ရမှာလဲ " လို့ ရေးသားထားတာကို့တွေ့ရပါတယ်။

လီလီနိုင်ကျော် ဟာ အဖမ်းခံခဲ့ရတဲ့ ဒါရိုက်တာ မိုက်တီးဖခင် ကေသီပန် ဦးခင်ဇော် ရဲ့ ကျေးဇူးရှိသူတစ်ယောက်ဖြစ်တယ်လို့လည်း အနုပညာအသိုင်းအဝိုင်း နဲ့ ဟန်နီထွန်းရဲ့ ပြောကြားချက်တချို့အရသိရပါတယ်။ အနုပညာရှင်တွေ ဆက်တိုက် ဖမ်းဆီးခံရမှုမှာ လက်ထောက်ချခံရတာဖြစ်နိုင်တယ်ဆိုပြီးတော့လည်း သုံးသပ်သူတွေရှိနေကြတာပါ ။ ပရိသတ်ကြီးရေ ဒီသတင်းလေးအပေါ်မှာ ပရိသတ်ကြီးရဲ့ ထင်မြင်ချက်တွေမှတ်ချက်မှာပေးဖို့ မမေ့နဲ့နော် ။

Source - Lili Naing Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။