တစ်တုတ်လေးလို့ ပရိသတ်တွေသိကြတဲ့ မေပန်းချီတစ်ယောက် ကာလဒါနလေးတစ်ခုကို ပြုလုပ်လိုက်တာပဲဖြစ်ပါတယ်။ သူမဟာ ဖက်ရှင်ဆိုင် တစ်ခု ဖွင့်လှစ်ထားပြီး အနုပညာ အလုပ်တွေကိုလည်း လုပ်နေသူတစ်ယောက်ပါပဲ။ အနုပညာလောကမှာ သူမကဖြတ်သန်း ခဲ့တာ အချိန်အတော် ကြာခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း အောင်မြင်မှုတွေနဲ့ ရပ်တည်နေ ခဲ့သူတစ်ယောက်ပါပဲ။

သူကိုအားပေးချစ်ခင်တဲ့ပရိသတ်တွေကလည်း အများအပြားရှိနေသူတစ်ယောက်ပါပဲ။ ဇာတ်ကားတွေလည်း တော်တော်များများရိုက်ကူးနေပြီး သူမရဲ့ ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ဖက်ရှင်ဆိုင်လေးကိုလည်း ဂရုစိုက်သူတစ်ယောက်ပါပဲ။ ဒီကနေ့မှာတော့ ချို့တဲ့သူသက် ကြီးရွယ်အိုတစ်ဦးက မြေးဖြစ်သူအတွက် ဘောင်းဘီလာဝယ်ရာမှာ သူမက ကြုံကြိုက်တာ လည်းဖြစ် လူကြီးသူမကို စေတနာထားပြီး ကူညီချင်တာလည်းဖြစ်တာကြောင့် တန်ကြေးထက် အများကြီးလျော့ပြီး ယူလိုက်တာပဲဖြစ်ပါတယ်။

ဒီအကြောင်းလေးကို " ဘာရယ်တော့ မဟုတ်ဘူး ရင်ထဲဆို့သွားသလိုခံစားရတယ် အဖိုး ,တစ်ယောက်ကမြေးပေါ်ထားတဲ့ မေတ္တာပေ့ါ ကုမ္ပဏီဝန်းထမ်းလုပ်နေတဲ့ မြေးလေး ဘောင်းဘီ ကြွက်ကိုက်သွားလို့တဲ့ မြေးလေးကအရမ်းလဲဝပါတယ်တဲ့ အဘကတစ်သောင်း ကျော် ပဲတတ်နိူင်တာ အကောင်းစားဝယ်ပေးချင်ပေမဲ့ မတတ်နိူင်လို့ပါဆိုပြီး တုန်တုန် ချိချိနဲ့ နားကလဲကောင်းကောင်းမကြားရှာဘူးး အသက်က ၇၀ကျော်လောက်ပြီးထင်ပါတယ် ဆိုဒ် ၄၀ထဲမှာ ၁သောင်းကျော်တန်မရှိပေမဲ့ ၃သောင်းကျော်ထဲက ရှိတဲ့ဆိုဒ်၄၀ကိုပေးလိုက် တယ် အဘပါသလောက်ပဲပေးခဲ့ပါပြောပေမဲ့ သမီးအရင်းရူံးနေမှာပေ့ါတဲ့ ကိုယ်ချင်းစာ တရားရှိလိုက်ပုံများ အခွင့်အရေးမယူတတ်လိုက်ပုံများ အဘ ကရိုးရိုးသားသားပါတဲ့ သိတာ ပေါ့အဘရယ် မျက်လုံးတွေမှာပေါ်ပြီးသားပါ လှူတယ်လို့ပဲမှတ်ပါတယ် အဘမြေးနဲ့ မတော်ရင်လဲ ကြိုက်တဲ့အချိန်လာပြန်လဲပါလို့ အဘ က မျက်ရည်လေးဝဲ နေသလို ကိုယ်က အဖိုး ဆိုလို့ ခလေးဘဝက ပဲမြင်ဖူးလိုက်တာ တကယ်တော့ ကိုယ်က အဖေအပေါ်တောင် တာဝန်မကျေသေးသူပါ " ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာရေးထားတာ ဖြစ်ပါတယ်။ မွန်မြတ်တဲ့အလှူလေးမို့ သာဓုခေါ်ပါတယ် တစ်တုတ်ရေ။ နောက်လည်း ဒီထက် မက များများလှူနိုင်တန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo - မေပန်းချီစိုးနောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။