လီဆူတိုင်းရင်းသူလေးဖြစ်တဲ့ မင်းသမီးချော ခင်လေးနွယ် တစ်ယောက် ကမ္ဘောဒီးယား နိုင်ငံ Sokha Beach Resort, Sihanouk Ville သို့ ရောက်ရှိနေ တာဘဲဖြစ်ပါတယ် ။ စကားပြောရင် ချစ်ဖို့ကောင်းတဲ့ သူမရဲ့ ဟန်ပန်အမူအရာလေးတွေကြောင့် ပရိသတ်တွေ ကြားချစ်ခင်အားပေးမှုတွေရရှိထားပြီး ဇာတ်ကားပေါင်းများစွာလည်း ရိုက်ကူးထားတာပါ။ အမြဲတမ်း အမိုက်စားဖက်ရှင်တွေ နဲ့ လန်းနေတဲ့ သူမကတော့ ဒီတစ်ခါမှာ မြန်မာဆန်တဲ့ အလှတရားတွေကို ဖော်ထုတ်ပြလိုက်ပါတယ် ။

ကမ္ဘောဒီးယားနိုင်ငံ Sokha Beach Resort, Sihanouk Ville ကိုရောက်ရှိနေတဲ့သူမက မြန်မာ ယဉ်ကျေးမှုကို ဖော်ထုတ်တဲ့အနေနဲ့ မြန်မာဝတ်စုံလေးကို ဝတ်ပြီး လည်ပတ်ခဲ့တာ ဖြစ်ပါတယ် ။ လိမ္မော်ရောင် ဟယ်ရီကော်ပတာ နားမှာ ကြည်ပြာရောင် မြန်မာ ဝတ်စုံလေးနဲ့ အရမ်းကို နန်းဆန်နေတဲ့ ပုံရိပ်တွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ တစ်ဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့တာပါ ။ သူမ ပရိသတ်တွေကတော့ မြန်မာဝတ်စုံလေးနဲ့ အရမ်းကို ကျက်သရေရှိတာဘဲလို့ မှတ်ချက်ပေးထားကြတာ တွေ့ရပါတယ် ။

နိုင်ငံရပ်ခြားကို ရောက်နေပေမယ့် မြန်မာဝတ်စုံလေးကို တန်ဖိုးထားပြီး ဝတ်ခဲ့တဲ့ သူမကတော့ တကယ်ကိုလေးစားစရာပါဘဲနော် ။ အခုလို ခင်လေးနွယ်ရဲ့ နန်းဆန်ပြီး ကျက်သရေရှိတဲ့ အလှတရားတွေကို ပရိသတ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Khin Lay Nwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။