သီလရှင်ဝတ်ခြင်း၏ အကျိုးကျေးဇူး

သီလရှင် ဝတ်ခြင်းသည် ဝတ်သူနှင့် ဝတ်သူ၏မိဘများ၌

မည်ကဲ့သို့ အကျိုးကျေးဇူး ရှိပါသည်။

ဗုဒ္ဓစာပေတွင်

၁။ ဥပသမ္ပဒ ပဗ္ဗဇ္ဇ

၂။ သာမဏေရ ပဗ္ဗဇ္ဇ

၃။ ဣသိ ပဗ္ဗဇ္ဇ

၄။ ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဟူ၍ ပဗ္ဗဇ္ဇ ၄-မျိုး ရှိပါသည်။

ရဟန်းပြုခြင်း၊ သာမဏေပြုခြင်း၊ ရသေ့ပြုခြင်းနှင့်

သီလရှင်ပြုခြင်းဟု ဆိုရပါမည်။

သီလရှင်မှာ အမှတ် ၄-ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဖြစ်၍

မိန်းကလေးတဦးအနေဖြင့် မိမိ၏ အလှအပ

ဗန်းတင်ပစ္စည်း ဖြစ်သော ဆံပင်ကို ရိတ်ပယ်လိုက်နိုင်ခြင်းပင် အလွန်ခံယဉ်းသော ကိစ္စဖြစ်၍ ပစ္စည်းဥစ္စာ ရတနာရွှေငွေတို့ကို စွန့်လွှတ်သကဲ့သို့ နိက္ခမပါရမီ တစ်မျိုးပင် ဖြစ်ပါသည်။

ထို့နောက် လူဝတ်ကြောင်းကိုပယ်၍ သီလရှင်ဝတ်

ဖန်ရည်ဆိုးဝတ်ကို ဝတ်ကာ လူတို့ဆောက်တည်နိုင်ခဲ့သော

၈-ပါး ၉-ပါး ၁၀-ပါး သီလများကို နိစ္စ ဆောက်တည်နေနိုင်ခြင်း။ စာပေကျမ်းဂန် သင်အံနိုင်ခြင်း၊ တရားစာပေ လေ့လာခြင်း၊

သမထ ၀ိပဿနာ ဘာဝနာများကို ပွားများနေထိုင်ခြင်း

စသည်ဖြင့် ဘုရားသာသနာကို ချီးမြှောက်နိုင်ခြင်းမှာ

မိန်းမဘဝပင် ဖြစ်သော်လည်း အလွန်ရခဲသော

ဒုလ္လဘတရားကို ရခြင်းဖြစ်၍ အထူးမြင့်မြတ်လှပါသည်။

ဘဝပေါင်းများစွာက လင်ယူ သားမွေး လောကီရေး

ကိစ္စများဖြင့်သာ အကုသိုလ်နယ်ပယ် ဒုဂ္ဂတိနယ်ပယ်တွင်

ကျင်လည်ရာ ကျင်လည်ကြောင်း ကျင့်ကြံနေခဲ့ရာမှ

ယခု ဘုရားသာသနာနှင့်တွေ့ခိုက်တွင် မဂ်ဖိုလ်ရရေး

အသက်ပေး အားထုတ်ရခြင်း၊

သာသနာနွယ်ဝင် ဖြစ်ခွင့်ရခြင်းတို့မှာ

ဘဝ၏အနှစ်သာရ အစစ်ပင်ဖြစ်ပါသည်။

သမီးကို မိမိတို့ကိုယ်တိုင် ဘုရားသမီးတော်ဘဝသို့

ပို့ဆောင်ပေးကြသော မိဘများမှာလည်း

သာသနာနုဂ္ဂဟ ကုသိုလ်ထူးကို

ဆည်းပူးကြသူများပင်ဖြစ်၍ လွန်စွာ အကျိုးကြီးလှပါသည်။

Source: DamaThuKha

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။