အမျိုးသမီးတွေအတွက် သဘာဝက ပေးထားတဲ့အခါးဓာတ်ပါတဲ့အသီးကတော့ကြက်ဟင်းခါးသီးပဲဖြစ်ပါတယ်။ ကြက်ဟင်းခါးသီးဟာ ဟင်းတစ်ခွက်အနေနဲ့ မဟုတ်ဘဲကျန်းမာရေးအတွက် အသုံးဝင်တဲ့ သဘာဝသီးနှံတစ် မျိုးဖြစ်ပါတယ်။ ကြက်ဟင်းခါးသီးကိုစားပေးခြင်းဖြင့် သွေးတွင်းမှာသကြားဓာတ်များခြင်းကို ကာကွယ်ပေးပါ တယ်။ဆီးချိုကိုလည်းထိမ်းပေးတယ်။ဝနေတဲ့သူတွေ ကြက်ဟင်းခါးသီးစားပေးရင် ကိုလက်စထရောတွေကို လျော့ကျစေတယ်။ကိုလက်စထရောကျစေခြင်းဖြင့် လေဖြတ်ခြင်းတွေကို သက်သာစေတယ်။

ပိုတက်စီယမ်များများပါဝင်ခြင်းကြောင့် ဆိုဒီယမ်စုပ်ယူမှုအားကောင်းစေပါတယ်။ သံဓာတ်လည်းပြည့်ဝပါတာ ကြောင့် နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။အဆိပ်တောက်တွေကိုလည်း ပျယ်စေပြီး သည်းခြေ အိတ်ကိုကောင်းကောင်းအလုပ်လုပ်ပေးနိုင်ပါတယ်။ကြက်ဟင်းခါးသီးမှာ ကယ်လိုရီ၊ အဆီ၊ ကာဗိုလ်ဟိုက်ဒရိတ် တွေ မပါဝင်ပါဘူး။ ကိုယ်ခံအားကိုကောင်းစေပြီး ဖျားနာခြင်းတွေကိုပါ ပျေက်ကင်းစေပါသတဲ့။

အမြင်အာရုံကိုကောင်းစေတယ်။ ဗီတာမင်အေ ပါဝင်လို့ အာရုံကြောတွေကို အထောက်ကူဖြစ်စေတယ်။ အမျိုးသမီးတွေ မျက်ကွင်းညိုခြင်းတွေကိုသက်သာစေပါတယ်။ တစ်ခြားသောဝေဒနာတွေကိုပါ ပျေက်ကင်းစေ တဲ့အတွက် ကြက်ဟင်းခါးသီးကိုစားပေးခြင်းဖြင့် ကျန်းမာရေးအတွက်အထူးကောင်းမွန်တာမို့ စားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ 

Source: Health page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။