ယနေ့ မြန်မာနိုင်ငံမှာသာမကဘဲ တကမ္ဘာလုံးက အင်တာနက် စာမျက်နှာပေါ်မှာ “Dele Alli’s Challenge” လိုက်လုပ်ကြတဲ့သူတွေ အများအပြား ရှိနေပါတယ်။ အဲဒီ Challenge ကို လုပ်လို့ရတဲ့သူတွေရှိနေသလို လုပ်လို့မရတဲ့သူတွေလည်း ရှိနေပါတယ်။ ဒီ Challenge ဘယ်က စခဲ့သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒါကို စလုပ်ခဲ့တဲ့ သူကတော့ ပရီးမီးယားလိခ် အသင်းတသင်းဖြစ်တဲ့ တော်တင်ဟမ်ဟော့ စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား Dele Alli ဖြစ်ပါတယ်။ သူဟာ အောင်ပွဲခံတဲ့ အနေနဲ့ သူ့ရဲ့လက်ကို မျက်လုံးမှာ အဝိုင်းပုံစံ ဖြစ်အောင် လုပ်ခဲ့တာပါ။

သူရဲ့ ဒီအောင်ပွဲခံမှုအပြီးမှာတော့ ကမ္ဘာကျော် ဘောလုံးသမားတွေဖြစ်တဲ့ နေမာ၊ ပေါ့ဘာ စတဲ့သူတွေအပြင် သူ့အသင်းဖော်တွေကလည်း ဒီအောင်ပွဲခံပုံကို အတုခိုးပြီးလိုက်လံ ပြုလုပ်တဲ့ ဗီဒီယိုဖိုင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ဒီလိုကျော်ကြားသူတွေရဲ့ ဗီဒီယိုတွေ ထွက်ရှိလာပြီးတဲ့နောက်မှာ တကမ္ဘာလုံးမှာရှိတဲ့ ဘောလုံးပွဲ ကြိုက်သူတွေကြား ရေပန်းစားခဲ့ပြီး Dele Alli ရဲ့ အောင်ပွဲခံပုံအတိုင်း လိုက်လုပ်ခဲ့ကြပါတယ်။

ဒါပေမယ့် ပရိသတ်တွေကတော့ Dele Alli ဟာ ဒီအောင်ပွဲခံပုံကို တီထွင်ခဲ့တာ မဟုတ်ဘဲ ညစ်ညမ်း ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ “The Simply Lovleh Brotherhood” ရဲ့ Logo ပုံကို အတုယူထားတာဖြစ်ကြောင်း ပြောခဲ့ကြပါတယ်။လွန်ခဲ့တဲ့ နှစ်တွေတုန်းကလည်း ဘောလုံးသမား ပေါ့ဘာရဲ့ အောင်ပွဲခံတဲ့ “Dabbing” ဟာလည်း ခေတ်စားခဲ့ပါသေးတယ်။ ဒီ “Dele All’s Challenge” ဟာ တလောက ခေတ်စားခဲ့တဲ့ “Kiki Challenge” အပြီးမှာ ခေတ်အစားဆုံး Challenge တခုလည်း ဖြစ်ပါတယ်။

Source - thesun.co.uk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။