အိန္ဒိယ တောင်ပိုင်းက ကယ်ရာလားပြည်နယ်မှာ ရှားပါးတဲ့ ဗိုင်းရပ်ပိုးတမျိုးက ကူးစက်တဲ့ ရောဂါကြောင့် သေသူ ၁ဝ ယောက် ရှိပြီလို့ ကျန်းမာရေး အရာရှိတွေက ပြေကြားခဲ့တယ်လို့သိရပါတယ်။ နီပါဗိုင်းရပ်လို့ခေါ်တဲ့ အဆိုပါရောပါပိုးဟာ သစ်သီးစားတဲ့ လင်းနို့တွေကနေ ကူးစက်တာ ဖြစ်ပြီး သေဆုံးမှုတွေ မကြာခဏ တွေ့နေရပါတယ်။

အဆိုပါဗိုင်းရပ်ပိုးကူးစက်ခံရပြီဆိုရင်တော့ ခေါင်းကိုက်တာ၊ အိပ်ချင်တာနဲ့ ဖျားတဲ့ လက္ခဏာတွေ ပြတတ်ပြီး လူနာတွေ အများအပြား ဆေးရုံတွေမှာ တက်ရောက် ကုသနေကြသလို ကူးစက်လူနာတွေ ထားဖို့ သီးသန့်ခွဲထားမယ့် အဆောင်တွေလည်း ပြင်ဆင်ထားရှိတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ လူနာ ၄ဝ လောက်ကို သီးသန့်ခွဲထားရပြီး နှစ်ယောက်ကတော့ သေလုမျောပါး အခြေအနေမှာ ရှိနေပြီး နောက်ထပ် လူနာ ၉ ယောက်ဆီက သွေးနမူနာတွေ စစ်ဆေးဆဲ ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါရောဂါပိုးကိုကတော့ရှာဖွေရခက်ခဲပြီး ဖျားတာ၊ အန်တာနဲ့ ခေါင်းကိုက်တာ စတဲ့ လက္ခဏာတွေပြတတ်သလို ကူးစက်ခံရရင် သေဆုံးနိုင်ခြေ ၇ဝ ရာခိုင်နှုန်းထိ ရှိပြီး ကာကွယ်ဆေးလည်း မရှိသေးပါဘူး။ ရောဂါဆိုးလာရင် တရက် နှစ်ရက်အတွင်း သတိလစ်ပြီး ကယောင်ချောက်ချား ပြောတာကနေ သတိမလည်တော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

၎င်းရောဂါပိုးကို ၁၉၉၉ ခုနှစ်လောက်က စတင်သတိထားမိခဲ့တာဖြစ်ပြီး လက်ရှိမှာဆိုရင်တော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ထားတဲ့ ကပ်ဘေးအထိ ကျရောက်နိုင်တဲ့ ရောဂါ ၁ဝ မျိုး စာရင်းမှာလည်း နီပါ ဗိုင်းရပ်က ထိပ်ကပါနေတာကို တွေ့ရှိရပါတယ်။

source -BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။