ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့ အမိုက်စားလက်ရာတစ်ခုဖြစ်တဲ့ " ည " ရုပ်ရှင်ဇာတ်ကားဟာ ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားခဲ့တာပဲ ဖြစပါတယ်။ ဒီဇာတ်ကားမှာ တက် သစ်စ အနုပညာရှင်တွေကို အသုံးပြုထားပြီး လက်ရှိအချိန်မှာတော့ " ည " ရဲ့ ပုံဖော်ထု ဆစ်သူ အနုပညာရှင်တွေ ဟာ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်စွာနဲ့ လျောက် လှမ်းနိုင်တဲ့ အနေအထားတစ်ခုကို ရောက်လို့နေပြီဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားခဲ့တဲ့အလျောက် ဇာတ်ကား ကိုလည်း နှစ်ကြိမ်တိတိ ပြန်လည်ရုံတင်ပြသခဲ့တာပဲ ဖြစ်ပါတယ်။ ပြန်လည်ရုံတင်ပြသသည့် တိုင် ပရိသတ်တွေက တခဲနက်အားပေးနေကြဆဲပါပဲ။ သိပ်မကြာခင်မှာတော့ တတိယ အကြိမ်အဖြစ် " ည " ရုပ်ရှင်ဇာတ်ကားကို ပိတ်ကားပေါ်မှာ ပြန်လည်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို ဒါရိုက်တာ ထူးပိုင်ဇော်ဦးက " ည ၂ ခါ ရုံတင်တာ ၂ ခါလုံး မကြည့်ဖြစ်လိုက် တဲ့သူတွေအတွက်ရော ည ကို ထပ်ကြည့်ချင်တဲ့ သူတွေ အတွက်ရော Coming Soon !!!!! " ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားတာပဲဖြစ်ပါတယ်။ " ည " ကို ပြန်လည်ခံစားချင်တဲ့ပရိသတ်ကြီးဖြစ်ဖြစ် မကြည့်ရသေးတဲ့ပရိသတ်ကြီးပဲဖြစ်ဖြစ် မကြာခင်ရုံ တင်ပြသတော့မှာဖြစ်လို့ အမြန်လေးသွားကြည့်ဖို့ တိုက်တွန်းလိုက်တယ်နော်။

Photo - Htoo Paing Zaw Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။