ကလေးသရုပ်ဆောင် ကနေယနေ့တိုင် ယွန်းယွန်းဆိုတဲ့ နာမည်လေးကို ထိန်းသိမ်းကာ တစ်စိုက်မတ်မတ် ကြိုးစားလာတဲ့ သူမကတော့ ပရိသတ်အချစ်တွေနဲ့ အောင်မြင်မှု အသီးအပွင့်တွေ ခံစားနေရတာပဲဖြစ်ပါတယ်။ ယွန်းယွန်းကတော့ အနုပညာရှင်တွေရဲ့ မှတ်တစ်တိုင်တစ်ခုဖြစ်တဲ့ အကယ်ဒမီဆုကြီးကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့ သူလေးတစ်ဦးဖြစ်တဲ့အပြင် ကျောင်းပညာရေးမှာရော ဝါသနာပါရာ အနုပညာလုပ်ငန်းတွေမှာပါ Balance ညီညီ ကြိုးစားနေတဲ့ ထူးချွန်သူလေး တစ်ယောက်ပဲဖြစ်ပါတယ်။  

မနေ့ကဆိုရင်လည်း ပရိသတ်တွေကြည့်တာနဲ့တောင် ကြက်သီးမွေးညှင်းထလောက်တဲ့ Bungy Jump ကိုပြုလုပ်ခဲ့တဲ့ ယွန်းယွန်းဟာဆိုရင် ဒီကနေ့မှာတော့ မလေးရှားနိုင်ငံရဲ့ နာမည်အကြီးဆုံး University တွေထဲကတစ်ခုဖြစ်တဲ့ Taylor’s University က ပုံရိပ်လေးတွေကိုလူမှုကွန်ယက်ပေါ်မှာ တင်ပေးခဲ့ပါတယ်။

အပျော်တွေပြီးတဲ့နောက်မှာ Taylor’s University ကိုသွားရောက်လေ့လာခဲ့တဲ့ ယွန်းယွန်းလေးရဲ့ ပြုံးပျော်နေတဲ့ ပုံရိပ်လေးတွေကတော့ မြင်တွေ့ရလိုက်တဲပပရိသတ်တွေကို အပျော်လေးတွေ ကူးစက်သွားစေနိုင်လောက်ပါတယ်။  

မလေးရှားနိုင်ငံရဲ့ အထင်ကရတွေကို သွားရောက်လေ့လာလည်ပတ်နေတဲ့ ယွန်းယွန်းလေးကတော့ ပရိသတ်တွေကိုအမြဲအပြုံးလေးတွေပေးစွမ်းနိုင်သူလေးတစ်ယောက်ဆိုရင်လည်းမမှားနိုင်ပါဘူး။

ပရိသတ်ကြီးလည်း ယွန်းယွန်းလေး အခုသွားရောက်နေတဲ့ ခရီးတစ်ခုလုံးမှာ အန္တရာယ်ကင်းဘေးရှင်းရှင်းနဲ့ မြန်မာပြည်ကြီးကို ပြန်လာနိုင်ဖို့ ဆုတောင်းပေးခဲ့ကြဦးနော်။

အနုပညာအလုပ်တွေပြုလုပ်ရာမှာလည်း ပရိသတ်အကြိုက်တွေ့လှသလို ပညာရေးဘက်မှာလည်းထူးချွန်လှတဲ့ ယွန်းယွန်းလေးကို အမြဲချစ်နေကြမယ်မဟုတ်လားပရိသတ်ကြီးရေ။ 

source - Yoon Yoon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။