လက်ရှိ ပြည်တွင်းရာသီဥတုအခြေအနေကြောင့် တိုင်းဒေသကြီးများစွာတွင် ရေကြီးရေလျှံမှုတွေမကြာခနဖြစ်ပေါ်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ရေကြီးမှုတွေကြောင့် သက်ရှိသက်မဲ့များစွာပျက်စီးဆုံရှုံးခဲ့ရတာတွေ့ရပါတယ်။ ဒီကနေ့ သြဂုတ်လ ၂၀ရက်နေ့တွင်လည်း ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ မော်တင်စွန်းအနီးပင်လယ်ကမ်းစပ်တွင် ဝေလငါးတစ်ကောင်းကမ်းတင်ခဲ့ကြောင်း သိရပါတယ်။  

အလျား ၃၂ ပေ ၊ လုံးပတ် ပေ ၂၀အရွယ်လောက်ရှိသော ဝေလငါးတစ်ကောင်ကတော့ မော်တင်စွန်းအနီး ပင်လယ်ကမ်းစပ်မှာ ဒီကနေ့ မနက်ပိုင်းက ပုပ်ပွသေဆုံးနေပြီး ကမ်းခြေသဲသောင်ပြင်ပေါ်မှာ တင်ကျန်နေခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဝေလငါးကို မေခလာတည်းခိုဆောင်ရဲ့အစောင့် ဦးမောင်မောင်ထွန်းက မနက် အစောပိုင်း ၁ နာရီလောက်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။ 

အဆိုပါ ဝေလငါးကြီး ဘာကြောင့် သေဆုံးခဲ့ရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ လက်ရှိဟိုင်းကြီးကျွန်းမြို့ ငါးလုပ်ငန်းဦးစီးဌာနတာဝန်ရှိသူတွေက မော်တင်စွန်းကမ်းခြေရှိ ဝေလငါးအသေရှိရာ နေရာကို သွားရောက်ကြည့်ရှုစစ်ဆေးမှုတွေပြုလုပ်နေကြောင်း သိရပါတယ်။

pHOTOS - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။