ပရိသတ်တွေအမြဲအားကျချစ်ခင်ရတဲ့ နာမည်ကျော်အဆိုတော်သရုပ်ဆောင် နန်းဆုရတီစိုး တစ်ယောက် မနေ့က Junction City မှာ ပြုလုပ်တဲ့ Rene Fashion ဆိုင်ဖွင့်ပွဲကိုရောက်ရှိခဲ့ တာပဲဖြစ်ပါတယ်။ အနီရောင်ဝတ်စုံလေးနဲ့ အလှကြီးလှနေတဲ့ သူမရဲ့ပုံစံလေးက တကယ် ကို ကြွေချင်စရာပါပဲ။ အဆိုတော် G-Fatt နဲ့လည်း ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလေး ကို လျောက်လှမ်းနေပြီး တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေသာယာတဲ့ အချစ်ရေးလေး ကို တည်ဆောက်ထားကြတာပဲဖြစ်ပါတယ်။

လက်ရှိအချိန်ထိ တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေနဲ့ ချစ်မြတ်နိုးကြတဲ့ သူတို့ စုံတွဲလေးကတော့ အနုပညာအလုပ်တွေကို အတူ လက်တွဲလုပ်ဆောင်နေသလို အခမ်း အနားပွဲတော်တော်များများကိုလည်း နှစ်ယောက်အတူ တတ်ရောက်ဖြစ်နေတာ တွေ့ရပါ တယ်..။ အမြဲလိုလို နှစ်ယောက်သားကို အတူတွဲတွေ့ရတတ်ပြီး ခရီးတွေလည်း မကြာခဏ သွားတတ်ပါသေးတယ်။ ချစ်စရာကောင်းတဲ့ သူမတို့စုံတွဲလေးဟာ ရန်ဖြစ်လိုက်ပြန်ချစ်လိုက် တဲ့ တကယ့်ကိုပျော်စရာကောင်းလွန်းနေပါတယ်။

ပရိသတ်တွေရဲ့ Idol Couple လေးဖြစ်ကြတဲ့ G-Fatt နဲ့ နန်းဆုတို့စုံတွဲလေးဟာ ချစ်စရာ ကောင်းပြီး အမြဲလိုက်ဖက်ညီသလို သူမတို့ရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ပရိသတ် တွေအတွက် အမြဲပြန်လည်မျှဝေလေ့ရှိကြတာလည်း တွေ့ရပါတယ်။ ဒီတစ်ခေါက်မှာ တော့ နန်းဆုတစ်ယောက် သူမရဲ့တစ်ကိုယ်တော်အလှပုံရိပ်လေးတွေကို တင်လိုက်တာဖြစ် လို့ ပရိသတ်ကြီးကို ပြန်လည်ဝေမျှပေးလိုက်မယ်နော်။

Photo - Nansu Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။