ဘာဘီအရုပ်မလေးလို ချစ်စရာကောင်းလွန်းသူလေးဖွေးတစ်ယောက် ဒီတစ်ခေါက်မှာလည်း ချစ်စဖွယ် ပွဲတက်ဝတ်စုံလေးနဲ့ တောင်ကြီးက ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်လိုက် ပြန်ပါပြီ ပရိသတ်ကြီးရေ။ တောင်ကြီးမြို့ရဲ့ D&C Grand Opening ပွဲကိုတက်ရောက်ခဲ့တာဖြစ်ပြီး ချစ်စဖွယ် ဂါဝန်လေးနဲ့ သူမက ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းလွန်းနေပါ တယ်။

ဒီဇိုင်နာမေမြတ်ဝါဆိုရဲ့ White Rose ဝတ်စုံလေးနဲ့ ဖွေးတစ်ယောက် အလှကြီးလှနေခဲ့ပါ တယ်။ အသက်သုံးဆယ်ကျော်အရွယ်အမျိုးသမီးတစ်ဦးလို့ မထင်ရလောက်အောင်ကို သူမရဲ့ နုပျိုမှုအစွမ်းက အံ့မခန်းပါပဲ။ အမြဲတမ်းကလေးတစ်ယောက်လို ချစ်စရာကောင်းလွန်းတဲ့ သူမရဲ့ပုံရိပ်လေးတွေက ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားလို့နေပါ တယ်။

သူမရဲ့ချစ်စဖွယ်ပွဲတက်ပုံရိပ်လေးတွေကို " Wild Rose ပြီးတော့... White Rose ကျွန်မလာ ပါပြီ. " ဆိုပြီး လူမှုကွန်ယက်မှာ တင်လိုက်တာပဲဖြစ်ပါတယ်။ ဖွေးကချစ်တဲ့ ဖွေးကိုချစ်တဲ့ ပရိသတ်ကြီးအတွက် Myanmarload ကလည်း ပြန်လည်ဝေမျှပေးလိုက်ပါ တယ်နော်။

Photo - Phway Phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။