ကိုရီးယားနိုင်ငံက ပရိတ်သတ်တွေရဲ့ အချစ်တော် မင်းသားချောလေး Park Bo Gum တစ်ယောက်တော့ ပရိတ်သတ်တွေရှေ ့က အတန်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက်

ဆံံပင်စတိုင်သစ်ကလေးနဲ့ ပြန်လည် ထွက်ပေါ်လာခဲ့စဉ်မှာတော့ ပရိတ်သတ်တွေအကုန် အံ့သြသွားခဲ့ရပါတယ် ။ ယခင်က ဆံပင်တိုလေးနဲ့ ကလေးလေးလိုချစ်ဖို့ကောင်းနေတဲ့ သူက ယခုအချိန်မှာ အလန်းစား ဆံပင်အရှည်အကောက်နဲ့ ဆွဲဆောင်မှုပိုရှိလာလို့ပါပဲ ။ ပုံလေးတွေမှာ သူ့ရဲ့ ပြောင်းလဲမှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရတဲ့အတွက် ပရိတ်သတ်တွေက သဘောကျနေကြတာပါ ။ 

ကိုရီးယားအနုပညာလောကမှာ Anti Fan မရှိတဲ့ အနုပညာရှင်ဆိုတာ ရှားပါတယ် ။ အဲဒီ ရှားပါးတဲ့ အနုပညာရှင်တွေထဲမှာ Park Bo Gum က တစ်ယောက်အပါအဝင်ပါ ။

ပကာသနကင်းပြီး ရိုးရှင်းစွာနေတတ်တဲ့ သူ့ကို မုန်းတဲ့ Fan တွေ မရှိတာမို့ သူက ကိုရီးယားရဲ့ Anti Fan မရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေတာပါပဲ ။

ဇာတ်လမ်းတွဲပေါင်းများစွာ ဇာတ်ကားပေါင်း များစွာမှာ ကျရာဇာတ်ရုပ်က ပါ၀င်သရုပ်ဆောင်ခဲ့တဲ့သူဟာ ကမ္ဘာကျော် Forbes Magazine ရဲ့ Korea Power 2017 Celebrity စာရင်းမှာ No.1 နေရာမှာရပ်တည်နိုင်ခဲ့ပါတယ် ။

သူရိုက်ကူးခဲ့တဲ့ Reply 1988 , Love in the Moonlight ဇာတ်လမ်းတွဲတွေဟာ သူ့ရဲ့ အောင်မြင်မှု ကို ထိပ်ဆုံးရောက်အောင် တွန်းပို့ခဲ့တာပါပဲ ။ လက်ရှိမှာတော့ ဆုတွေ အများကြီး ပိုင်ဆိုင်ထားခဲ့ပြီး နိုင်ငံတကာလှည့်ကာ သူ့ကို ချစ်တဲ့ ပရိတ်သတ်တွေနဲ့လည်း Fan Meeting တွေ ပြုလုပ်ခဲ့ပါတယ် ။ အခုအချိန်မှာတော့ ယခင် ကလေးလေးလို ချစ်ဖို့ကောင်းတဲ့ ပုံရိပ်တွေကနေ လုံးလုံးကွဲထွက်လာတဲ့ Park Bo Gum ရဲ့ ညို ့ငင်စွမ်းအပြည့်နဲ့ ပုံရိပ်လေးတွေကို Myanmarload ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်တာမို့ ကြိုက်ရင် Share ယူသွားဖို့ မမေ့နဲ့ဦးနော် ။ 

သတင်းအရင်းမြစ် TNGT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။