Kpop Idol တစ်ယောက်ဖြစ်ဖို့ ဆိုတာ တကယ်တမ်းတော့ မလွယ်ကူလှပါဘူး ။ ကြမ်းတမ်းတဲ့ Training တွေ ပင်ပန်းတဲ့ကာလတွေ အခက်အခဲပေါင်းသောင်းခြောက်ထောင်မက ကြိုးစားဖြတ်ကျော်ပြီးမှ Idol တစ်ယောက်အဖြစ်ပွဲဦးထွက်ခွင့်ရတာပါ ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး ။ ပွဲဦးထွက်ပြီးပြီဆို နောက်ပိုင်း အောင်မြင်မှုရဖို့ ပရိတ်သတ်တွေရဲ့ အားပေးမှုကိုခံရဖို့ စကားအမှားတစ်ခွန်းတောင်မထွက်မိအောင် အပြုအမူ အမှားတစ်ခုတောင် မလုပ်မိအောင် ကြိုးစားပြီး နေထိုင်ကြရသူတွေပါ ။

တကယ်အောင်မြင်သွားပြီဆိုရင်လည်း ကမ္ဘာအနှံက ပရိတ်သတ်တွေရဲ့ အားပေးထောက်ခံမှုတွေကိုရရှိပါတယ် ။ ဒီလို အဆုံးစွန်ထိကြိုးစား အားပေးသူပရိတ်သတ်အခိုင်အမာရပြီးမှ Kpop လောကကို စွန့်ခွာသွားသူတွေလဲရှိနေပါတယ် ။ အဲဒီသူတွေက ဘယ်သူတွေလဲ ဘာကြောင့် စွန့်ခွာသွားသလဲဆိုတာ အောက်မှာကြည့်ကြရအောင်နော် ။

1. Kim Sung Hee (Former KARA)

2007 ခုနှစ်မှာ KARA အဖွဲ့နဲ့ ပွဲဦးထွက်ခဲ့တဲ့သူမ ဟာ အဖွဲ့အောင်မြင်နေစဉ် 2008 မှာပဲ အဖွဲ့ကထွက်ခွာခဲ့ပါတယ် ။ အကြောင်းကတော့ သူမရဲ့ ပညာရေးကို ရွေးချယ်လိုက်လို့ပါ ။ အနုပညာအလုပ်ကိုစွန့်လွှတ်ပြီးနောက်ပိုင်းမှာတော့ သူမရဲ့ သတင်းတွေ ငြိမ်သွားခဲ့ပြီး 2011 ခုနှစ်မှာ လက်ထပ်တဲ့သတင်းကိုသာ ပရိတ်သတ်တွေ ကြားသိခဲ့ရပါတယ် ။ 2018 ခုနှစ်မှာတော့ သူမ ခင်ပွန်းသည် စစ်မှုထမ်းဖို့ ငြင်းဆန်လို့ ထောင်ချခံရတဲ့ ကိစ္စနဲ့ ပါတ်သတ်ပြီး documentary တစ်ခုမှာ သူမပြန်လည်ပါ၀င်ခဲ့တာကိုနောက်ဆုံးတွေ့ရှိခဲ့ရပါတယ်တဲ့ ။ 

2. Sunye (Former Wonder Girls)

Wonder Girls အဖွဲ့ရဲ့ အောင်မြင်မှုကတော့ တကယ့်ကို အံ့မခန်းစရာပါ ။ ဒါပေမယ့်လည်း အဖွဲ့က ကြာရှည်မခံပဲ ပြိုကွဲသွားတာကလည်း နှမြောဖို့ကောင်းပါတယ် ။

Wonder Girls အဖွဲ့ထဲက Sunye ကတော့ ထူးခြားတဲ့သူဖြစ်ပါတယ် ။ သူဟာ အဖွဲ့စတင် ပွဲဦးထွက်ပြီးအောင်မြင်ဖို့အရှိန်ယူ Promotion လုပ်နေစဉ်အတွင်းမှာပဲ အိမ်ထောင်ပြုခဲ့တဲ့ ပထမဆုံး Idol တစ်ယောက်ဖြစ်ပြီး အဖွဲ့က မထွက်ခင်အထိ ကလေးတစ်ယောက်မိခင်အဖြစ်နဲ့ အဖွဲ့မှာ ပါ၀င်နေတုန်းပါပဲ ။ နောက်ပိုင်းမှာတော့ အောင်မြင်မှုတွေကို ကျောခိုင်းခဲ့ကာ ခင်ပွန်းသည်နဲ့ အတူ သာသနာပြုလုပ်ငန်းတွေကို လိုက်လံလုပ်ဆောင်နေပြီး entertainment လောကထဲကို ဘယ်တော့မှ ပြန်မဝင်တော့ဘူးလို့ ကြေညာချက်ထုတ်ပြန်ခဲ့သူလဲဖြစ်ပါတယ် ။ 

3. Hong Yoo Kyung (Former Apink)

Apink အဖွဲ့ဝင် Hong Yoo Kyung ကတော့ 2011 ခုနှစ်မှာ စတင်ပွဲဦးထွက်ခဲ့ပြီး 2013 ခုနှစ်မှာ အဖွဲ့ကထွက်ခွားခဲ့ပါတယ် ။ နောက်ပိုင်းမှာတော့ Chung Ang University မှာတက်ရောက်ပညာသင်ကြားခဲ့ပြီး ပညာရေးကို ဦးစားပေးကာ အနုပညာအလုပ်တွေကနေ အပြီးအပိုင် ထွက်ခွာခဲ့ပါတယ် ။ သူမဒီလို ရုတ်တရတ် ထွက်ခွာသွားတာမို့ ပရိတ်သတ်တွေ အံ့သြဝမ်းနည်းဖြစ်ခဲ့ရပေမယ့် သူမကတော့ ဆုံးဖြတ်ချက်ကို မပြင်ခဲ့ပါဘူး ။ သာမန်ဘဝကိုရွေးချယ်လိုက်တဲ့သူမဟာ သူမလိုချင်တဲ့ ဘွဲ့ကို 2018 ဖေဖော်ဝါရီလမှာ ရရှိခဲ့ပြီး Apink က အဖွဲ့ဝင်တွေနဲ့လဲ ခုထိ ခင်မင်တဲ့ ဆက်ဆံရေးတွေ ရှိနေတုန်းပဲဖြစ်ပါတယ် ။  

4. Choa (Former AOA)

AOA အဖွဲ့ဝင် Choa ကတော့ အိပ်မရခြင်း စိတ်ကျခြင်း စတဲ့ ကျန်းမာရေးအခြေအနေတွေ ကြောင့် အောင်မြင်နေတဲ့ အဖွဲ့က ထွက်ခွာခဲ့တာပါ ။

အဖွဲ့က ထွက်ခဲ့ပြီးနောက်မှာ သူမရဲ ့ Fan meeting တစ်ခုကိုပြုလုပ်ခဲ့သေးပေမယ့် နောက်ပိုင်းမှာတော့ အနုပညာလောကမှာတွေ့ရကျဲသွားခဲ့ပါတယ် ။ 

5. G.O (MBLAQ)

G.O ကတော့ အဖွဲ့ကထွက်ခဲ့တာမဟုတ်ဘဲ သူ့ အဖွဲ့ MBLAQ ကပြိုကွဲသွားခဲ့တာပါ ။ သူ့ကိုအားပေးတဲ့ ပရိတ်သတ်တွေရှိနေပေမယ့် သူကတော့ Kpop လောကကိုစွန့်ခွာလိုက်ပြီလို့ တရားဝင်ပြောကြားခဲ့ပါတယ် ။ ခုချိန်မှာတော့ သူက YouTube channel တွေ အခြား broadcasting platforms မှာ Social Influencer အဖြစ်ပရိတ်သတ်တွေ အများအပြားပိုင်ဆိုင်နေခဲ့ပါပြီ ။  

6. Yulhee (Former LABOUM)

Yulhee က LABOွUM နဲ့အတူ 2017 ထိ အတူရှိခဲ့ပြီး သူနဲ့ FTISLAND က Minhwan ရဲ့ Dating သတင်းကိုလဲ အတည်ပြုခဲ့ပါတယ် ။ နောက်ပိုင်းမှာတော့ အနုပညာလောကကို စွန့်ခွာသွားခဲ့ပြီး 2018 ခုနှစ်မှာတော့ Minhwan နဲ့ လက်ထပ်မယ့်သတင်းကို ကြေညာခဲ့ပါတယ် ။  

7. Jisoo (Former TAHITI)

စိတ်ကျရောဂါကြောင့် အဖွဲ့ကထွက်ခွာခဲ့သူနောက်တစ်ယောက်ပါ ။ သူမရဲ့ ကျန်းမာရေးအခြေအနေဆိုးလာတဲ့အတွက် အဖွဲ့ကထွက်ခွာဖို့ ဆုံးဖြတ်ပြီးနောက်မှာ ကျန်းမာရေးလေ့ကျင့်ခန်း နည်းပြဆရာမတစ်ယောက်အဖြစ် ရပ်တည်နေပါတယ် ။ 

8. Eunjin (Former DIA)

Eunjin ကတော့ DIA အဖွဲ့ကထွက်ခွာတဲ့အခါ လက်ရေးနဲ့ရေးတဲ့ စာတစ်စောင်နဲ့ အတူ Idol ဘဝကို စွန့်ခွာပြီး သာမန်လူ အဖြစ်နဲ့ပဲနေထိုင်တော့မယ့်အကြောင်း ပရိတ်သတ်ကိုအသိပေးခဲ့ပါတယ် ။ 

သူတို့ကတော့ အောင်မြင်နေတဲ့ ဘဝကို နှမြောစရာ စွန့်ခွာလိုက်ရတဲ့သူတွေပါ ။ ကျော်ကြားသူတစ်ယောက်အဖြစ်နေရတာလဲ တကယ်တမ်းတော့ မလွယ်လှပါဘူး ။ ကိုယ်အားပေးရတဲ့ Idol ဟာ ပရိတ်သတ်တွေ အတွက် အားတင်းရင်း ဒီလိုခက်ခဲတဲ့ဘဝမှာ ကြိုးစားရပ်တည်နေသေးတယ်ဆိုရင်တော့ ပိုချစ်ပေးလိုက်ဖို့ ပိုအားပေးလိုက်ဖို့ အကြံပေးချင်ပါတယ် ။ အောင်မြင်ဖို့ ကြိုးစားရသလို အောင်မြင်မှုကို ကြာရှည်ထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားရတာကလည်း တကယ်ခက်ခဲတယ်မဟုတ်ပါလား ပရိတ်သတ်ကြီးတို့ရေ ... 

သတင်းအရင်းမြစ် koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။