ပရိသတ်ကြီးရေ မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ အခုလတ်တလောမှာ လူကြိုက်များအောင်မြင်နေသူလေး ဖြစ်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲတွေကနေ လူသိများအောင်မြင်လာခဲ့တဲ့ သူမက ဇာတ်လမ်းတွဲများစွာ ရိုက်ကူးခဲ့ရသလို အခုဆိုရင် ရုပ်ရှင်ကားကြီးတွေပါ ပါဝင်ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ ပန်းနုသွေးလေးလို့ အများကသိတဲ့ မေက မြန်မာဝတ်စုံလေးတွေနဲ့ အင်မတန်လိုက်ဖက်လှပလွန်းသူလေးလည်း ဖြစ်ပါတယ်။ အနေအထိုင် သိမ်မွေ့ပြီး စကားပြောဆိုရာမှာလည်း လေသံအေးအေးလေးနဲ့ ပြောဆိုတတ်သူလေး ဖြစ်ပါတယ်။

လတ်တလောမှာ မေက "အချစ်ဆုံး Crush " ရုပ်ရှင်ကားကြီးကို မြင့်မြတ် ၊ အိချောပို၊ သင်ဇာဝင့်ကျော်တို့နဲ့ ပါဝင်ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် "အရိပ်'' ဇာတ်လမ်းတွဲလေးမှာလည်း စုစုလှိုင်ဆိုတဲ့ နာမည်အောင်မြင်ခဲ့ကာ လက်ရှိမှာလည်း စုစုကိုလွမ်းနေတဲ့သူတွေအတွက် အလွမ်းပြေရအောင် Channel7 ရုပ်သံမှာ 'မှုံ' ဆိုတဲ့ဇာတ်လမ်းတွဲလေးကို ထုတ်လွှင့်ပြသနေပြီ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးကိုတော့ လွန်ခဲ့တဲ့၃နှစ်ကျော်က ပင်းတယမြို့မှာ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။

အခုလည်း မေက ဒီနေ့ဖြစ်သည် Music Video လေးကို မင်းသားအောင်မင်းခန့်နဲအတူ ရိုက်ကူးနေတာ တွေ့ရပါတယ်။ မြန်မာဝတ်စုံလေးနဲ့ အယဉ်တွေဆင့်နေတဲ့ မေက သူမရဲ့အလှပုံလေးတွေကို "နင်သာ ငါ့တစ်ယောက်တည်းအတွက်ငါ့ရဲ့ ကိုယ်စောင့်နတ်လို"ဆိုတဲ့သီချင်းစာသားလေးနဲ့အတူ တင်ထားတာပဲ ဖြစ်ပါတယ်။ သီချင်းညည်းတာလား ချစ်သူအတွက်ဆိုတာလား ဆိုတာတော့ မသိရသေးတာကြောင့် သူမရဲ့ကိုယ်စောင့်နတ်လေးကိုတော့ ပရိသတ်တွေက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးလေး မေမြင့်မိုရ်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: May Myint Mo ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။