myanmar idol ပြိုင်ပွဲကြီးကတော့ အောင်မြင်စွာပြီးဆုံးခဲ့ပြီး myanmar idol ဆုကိုဖြိုးမြတ်အောင်က သိမ်းပိုက်ခဲ့ပါတယ်။ မကြာခင်က ဖြိုးမြတ်အောင် myanmar idol အသိုက်အမြုံလေးထဲကနေ ထွက်ခွာပြီး မွေးရပ်မြေဆီကို ပြန်လာခဲ့ပြီး ပရိသတ်ထောင်သေင်းပေါင်းများစွာ ကြိုဆိုခဲ့ကြပါတယ်။ ပျော်ရွင်မှုတွေနဲ့ပြည့်နှက်နေတဲ့ ဖြိုးမြတ်အောင်တစ်ယောက် ယနေ့မှာတော့ စိတ်မကောင်းစရာကြုံတွေ့ခဲ့ရပါတယ်။ 

ဖြိုးမြတ်အောင်ကတော့ " ကိုရန်နိုင်ထွန်းရေ ကြားကြားချင်းစိတ်ထဲမကောင်းဖြစ်ရပါတယ် ကျွန်တော်အပြန်ခရီးစဉ် တလျောက် လာကြိုပေးတာလည်းအရမ်းပျော်သလို ခုလိုဖြစ်သွားတာကိုလည်းအရမ်းရင်ထဲမကောင်းဖြစ်ရပါတယ်ခင်ဗျ အကိုကြီးကိုရန်နိုင်ရောဂါဝေဒနာများလည်းအမြန်သက်သာပျောက်ကင်းပါစေ အကို " ဆိုပြီး ပြောထားပါတယ်။ 

ဖြိုးမြတ်အောင်ကတော့ အခုလို အမာခံပရိသတ်တစ်ဦး ဆေးရုံတင်ထားရလို့ စိတ်မကောင်းဖြစ်နေပြီး ဝမ်းနည်းနေပါတယ်။ ဆေးရုံတင်ထားရတဲ့ ကို ရန်နိုင်ထွန်းကတော့ ဖြိုးမြတ်အောင်ရဲ့ အိမ်ပြန်လမ်းတစ်လျှောက် လာကြိုပေးခဲ့တဲ့ အမာပရိသတ်တစ်ဦးပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေကလဲ ဖြိုးမြတ်အောင်နဲ့ ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်နေကြောင်း ပြောဆိုထားပါတယ်။ 

SOURCE: PHYOMYATAUNG 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။