ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် သင့်ရဲ့ချစ်သူက ဒီအပြုအမူတွေလုပ်နေပြီဆိုရင်တော့ သင်တို့နှစ်ဦးသားအချစ်ရေးကို ပြန်စဉ်းစားသင့်နေပြီဖြစ်ပါတယ်။

၁။ သင့်ရဲ့ Ph ကို နေ့စဉ်ယူစစ်ဆေးတာ

သမီးရည်းစားအချင်းချင်း စိတ်မချလို့ဆိုတာဟာ လူကြားကောင်းတဲ့အရာဖြစ်ပေမယ့် တစ်ကယ်တော့ သင့်ရဲ့ချစ်သူက သင့်အပေါ်မယုံကြည်မှု၊ စိတ်မချမှုတွေရှိနေတာဟာ မှန်ကန်တဲ့အရာတော့မဟုတ်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ သင့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စကို ချစ်သူရည်းစားဆိုပေမယ့် ဝင်ရောက်စွက်ဖက်မှုမပြုသင့်ပါဘူး။

၂ ။ တူညီတဲ့ Password ထားတာ

သင့်ရဲ့ဘဝဟာ သူ့ရဲ့ဘဝမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ချစ်ပေမယ့် ဒီလိုမျိုးတင်းတင်းကျပ်ကျပ် စည်းမျဉ်းတွေထားပြီး ကိုယ့်ရဲ့လွတ်လပ်ခွင့်ကိုမဆုံးရှုံးခံသင့်ပါဘူး။

၃။ Ex အကြောင်းခဏခဏပြောတာ

သင့်ရဲ့ချစ်သူက သူ့ရဲ့အရင်ရည်းစားအကြောင်းကို ခဏခဏပြောနေပြီဆိုရင်တော့ သူ့ကိုပွင့်ပွင့်လင်းလင်းပြောသင့်ပါတယ်။ လက်ရှိချစ်သူနဲ့ ပျော်ပျော်နေနေမယ့်အစား အတိတ်ကိုတမ်းတပြီးနေနေတာမျိုး မဖြစ်သင့်ပါ။

၄။ ဘာလုပ်၊ ဘာလုပ်ဆိုပြီးပြောတာ

သင်ဟာကိုယ်ပိုင်ဦးနှောက်နဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သင့်ချစ်သူအနေနဲ့ နေရာတကာနီးပါး လိုက်ပြောနေတဲ့အခါ သင်စိတ်ရှုပ်ရမှာအမှန်ပါပဲ။ အဆင်ပြေချောမွေ့တဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ သူ့ကိုအပွင့်လင်းဆုံး ပြောသင့်ပါတယ်။

၅။ သူ့သူငယ်ချင်းတွေနဲ့ ပေးမတွေ့တာ

သင့်အနေနဲ့ သူ့အကြောင်းကို ပိုသိပြီးပိုရင်းနှီးစေဖို့ သူ့သူငယ်ချင်းတွေကို ကောင်းကောင်းသိနေဖို့်လိုပါတယ်။ ဒါမှမဟုတ်ဘဲ သူ့အနေဲ့ သူငယ်ချင်းတွေကို ပေးမတွေ့ဘူးဆိုရင်၊ အကြောင်းအမျိုးမျိုးပြနေတယ်ဆိုရင်တော့ သူ့မှာ အကြောင်းရင်းတစ်ခုခုရှိနေပြီဖြစ်ပါတယ်။

၆။ သူ့ကိုအချိန်ပေးနေရတာ

သင့်မှာ သင့်အလုပ် ဒါမှမဟုတ်ကျောင်းအပြင် သူ့ကိုပဲအချိန်ပေးနေရတယ်ဆိုရင်တော့ သင့်ကိုယ်သင်ပြန်စဉ်းစားသင့်နေပါပြီ။ သင်ဟာ ဒီလူတစ်ယောက်တည်းအတွက် အသက်ရှင်နေထိုင်နေတာမဟုတ်ပါဘူး။

၇။ အကျီင်္အဝတ်အစားနဲ့ပတ်သတ်ပြီး လိုက်ပြောနေတာ

သင့်ရဲ့ကိုယ်ပိုင်စရိုက်နဲ့ သင့်ရဲ့ကိုယ်ပိုင်ဖက်ရှင်စတိုင်ကို တစြ်ခြားသူတစ်ယောက်အနေနဲ့ ဝင်ရောက်စွက်ဖက်ခြင်းမပြုသင့်ပါဘူး။ သင့်ချစ်သူဆိုရင်လည်း သင့်ရဲ့ နဂိုပုံစံကိုပဲ လက်ခံပေးသင့်ပါတယ်။

၈။ မနာလိုအရမ်းဖြစ်တတ်တာလား

သင့်ချစ်သူက မနာလိုအူတိုဖြစ်လွန်းတဲ့သူဆိုရင်တော့ သင့်အနေနဲ့ပြုပြင်ပေးရင်ပြုပြင်ပေး၊ မပြုပြင်ပေးဘဲ သည်းခံနေမယ်ဆိုရင်တော့ တစ်ချိန်ချိန်မှာလမ်းခွဲရမှာပဲ။ အကြောင်းမရှိဘဲ မနာလိုဖြစ်နေလွန်းတယ်ဆိုရင်တော့ဘသူ့အပေါ် သင်ပြန်စဉ်းစားသင့်နေပါပြီ။

၉။ သင့်ကိုသူ့ကိုယ်ပိုင်ပစ္စည်းလို့သဘောထားနေတာ

သင်နဲ့ပတ်သတ်ပြီး ပိုင်ဆိုင်လိုစိတ်သိပ်များနေတဲ့သူလား၊ သူ့ရဲ့ပိုင်ဆိုင်မှုထဲ သင့်ကိုပါ ထည့်တွက်ထားပါလား။ ဒါဆိုရင်တော့ သင်ဟာလွတ်လပ်မှုမရှိ၊ အကျဉ်းကျနေတဲ့ လူတစ်ယောက်နဲ့မခြားဖြစ်သွားပါပြီ။ ဒီအကြောင်းကို သူနဲ့ဆွေးနွေးရင်ဆွေးနွေး၊ ဒါမှမဟုတ် သူနဲ့ဆက်ဆံရေးကို ပြန်လည်စဉ်းစားသင့်ပါတယ်။

၁၀။ စကားများတိုင်းလမ်းခွဲဖို့အကြောင်းစတာ

ချစ်သူနဲ့စကားများရန်ဖြစ်တိုင်း လမ်းခွဲဖို့စကားကြားရတာ စိတ်ပျက်စရာကောင်းနေပြီလား၊ သူပြောတဲ့အတိုင်းတကယ်စဉ်းစားကြည့်လိုက်ပါ။ လူတစ်ယောက်ဟာ တစ်ကယ်မြတ်နိုးရတဲ့လူအပေါ် လမ်းခွဲရအောင်ဆိုပြီး ခဏခဏရက်စက်တဲ့စကားမပြောပါဘူး။

Source : Scoopwhoop

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။