လူမှုကွန်ယက်ပရိသတ်တွေကြားမှာ Cover Dance ဗီဒီယိုဖိုင်လေးတွေနဲ့နာမည်ကြီးတဲ့ မော်ဒယ်မလေး အေးငြိမ်းဖြူကိုပရိသတ်တွေအားလုံးသိကြမယ်ထင်ပါတယ်။ဒီတစ်ခါမှာလည်းပရိသတ်တွေကြားရေပန်းစားနေတဲ့ KiKi Challenge အကကိုသူများတွေနဲ့မတူအောင်အကြမ်းစားကပြသွားခဲ့ပြန်ပါတယ်။သူမအက ဗီဒီယိုဖိုင်လေးကတော့ကြည့်ရှုသူအရမ်းကိုများနေပြီး ပရိသတ်တွေကြားမှာဟော့ဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။ 

သွေးသွေးသွယ်သွယ်ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်ပိုင်ရှင်လေးဖြစ်တဲ့သူမကတော့ အကောင်သေးပေမယ့်အဆိပ်ပြင်းတယ်ဆိုတဲ့စကားလေးအတိုင်း သူမရဲ့ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လှုပ်ခါကပြသွားခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့ KiKi Challenge ဗီဒီယိုလေးကတော့ပရိသတ်တွေအရမ်းကိုသဘောကျ စေခဲ့သလို ချစ်ရသူရဲရင့်အောင်ကိုလည်းအကြွေကြီးစေမှာအသေအချာပါပဲနော်။သို့ပေမယ့်လည်းသူမကတော့ ဒီဗီဒီယိုဖိုင်လေးနဲ့ ပတ်သတ်ပြီးသူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ဝေဖန်ပြောဆိုကာ Body Shamingအလုပ်ခံခဲ့ရပါတယ်။ 

သူမကတော့ body Shaming လုပ်လာတဲ့ ပရိသတ်တစ်ဦးကို ထိထိမိမိရှိတဲ့စကားလုံးလေးအနဲငယ်နဲ့ ပညာသားပါပါတန့်ပြန်လိုက် တာပဲဖြစ်ပါတယ်။အဆိုပါပရိသတ်တစ်ဦးကတော့သူမရဲ့ အကဗီဒီယိုဖိုင်လေးအောက်မှာ "ဖင်ကြီးကပြားနေတော့ကြည့်လို့သိပ်မကောင်းဘူးလို့"ကွန်းမန့်ပေးခဲ့တာပဲဖြစ်ပါတယ်။အေးငြိမ်းဖြူကတော့အေးဆေးတည်ငြိမ်စွာနဲ့ပဲ "အကိုတို့တခြားတနှာစိတ်နဲ့ကြည့်ရင်တော့ ဘယ်အဆင်ပြေပါ့မလဲ ဒါအနုပညာ performance သက်သက်ပါ အနုပညာလိုပဲခံစားပါလို့ "ပညာသားပါပါတုန့်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။သူမရဲ့အမိုက်စားကကွက်တွေနဲ့ KiKi Challenge ဗီဒီယိုလေးကိုလည်း ပရိသတ်တွေကြည့်ရှု့နိုင်စေရန်တင်ဆက်ပေးလိုက်ပါတယ်နော်။  

သတင်းအရင်းအမြစ် - အေးငြိမ်းဖြူ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။