ချစ်ပရိတ်သတ်ကြီးရေ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးကြီးဖြစ်တဲ့ မင်းသမီးချောလေး အူဝဲကတော့ ယနေ့တိုင်လှပနုပျိုနေဆဲပါပဲ။အများက ချစ်စနိုးနဲ့ အူဝဲလို့ခေါ်ကြတဲ့ သူမကတော့ တစ်ခေတ်တစ်ချိန်ထဲက နာမည်ကျော်ကြား လူကြိုက်များတာဖြစ်ပြီးယနေ့တိုင် အောင်မြင်မှုကို ပိုင်ဆိုင်ရရှိထားတာလည်းဖြစ်ပါတယ်။ဖက်ရှင်ဘုရင်မကြီးလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ အူဝဲရဲ့ ဖက်ရှင်တွေကလည်း အမြဲကို စမတ်ကျ လှပနေတာလည်းဖြစ်ပါတယ်။

အူဝဲဟာ သူမရဲ့ နေ့စဉ်လှုပ်ရှားမှု အနုပညာပုံရိပ်များကို ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း "Musical ကားတွေကို အရမ်းကြိုက်တဲ့ကျွန်မ အဆိုအကတွေအရမ်းကြိုက်တဲ့ကျွန်မ MAMMA MIA ကိုpart 1 ထဲက အရမ်းကြိုက်ခဲ့တာ Part2 လာပြီလဲဆိုရော ဘယ်နေလိမ့်မလဲ ခုပဲကြည့်ပြီးပြန်လာတာ ကြည့်ရင်းနဲ့လဲကြိုက် ကြည့်ပြီးတော့လဲ စိတ်ထဲမှာဘယ်လိုကြီး ဖြစ်မှန်းမသိကြိုက် တော်တော်ကြီးကို ကြိုက်တာပါကွယ်...ဘဝမှာ ဒါမျိုးကားကြီး တစ်ကားလောက်တော့ ရိုက်ဖူးသွားချင်တယ်ကွယ် "ဟုစာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။

အူဝဲဟာ ဒီလိုဇာတ်ကားကြီးမျိုးကို "သရုပ်ဆောင်အနေနဲ့ မဟုတ်လဲ ပရိုဂျုဆာ အနေနဲ့ ပေါ့ကွယ်" ရိုက်ချင်တာလို့လည်း ဖော်ပြထားတာလည်းတွေ့ရပါတယ်။ကဲ..ချစ်ပရိတ်သတ်ကြီးတွက် အူဝဲရဲ့ သူမ အကြိုက်ဆုံကား အကြောင်းကို ပြောထားတာလေးကို ပရိတ်သတ်တွေ ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။ 

Source:Eaindra Kyaw Zin

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။