ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို အမြဲလိုလိုသိမ်းပိုက် ထားသူကတော့ အကယ်ဒမီစိုးပြည့်သဇင်ပဲ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းမှာတင် မက အဆိုပိုင်းမှာပါ ဝါသနာပါသူမို့ သူမရဲ့အမိုက်စားသံစဉ်တွေကို တေးစီးရီးတစ်ခုအဖြစ်နဲ့ ပရိသတ်တွေထံ အရောက်ပို့ ထားသူလည်းဖြစ်ပါတယ်။

အနုပညာလောကမှာ အောင်မြင်တဲ့မင်းသမီးတစ်လက်အဖြစ်နဲ့ ရပ်တည်နေတာ အချိန် အတော်ကြာ ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း သူမကိုအားပေးချစ်ခင်တဲ့ပရိသတ်တွေ အများအပြားပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က သာသနာ့ဘောင်ကိုမိခင်နဲ့အတူတူဝင်ခဲ့ပြီး မကြာသေးခင်ကမှ သီလရှင် လူထွက်ထွက်ထားတာဖြစ်ပါတယ်။

လက်ရှိမှာတော့ သူမမန်းရွှေမြို့တော်ကို ရောက်ရှိနေတာဖြစ်ပြီး သူမရဲ့ချစ်စဖွယ်ပုံရိပ် လေးတွေကို " မင်္ဂလာနံနက်ခင်းပါရှင် မန္တလေးအင်းဝမြို့(အဝ)ဗားကရာကျောင်းနဲ့မယ်နု အုတ်ကျောင်းလိုက်ပို့ပေးပြီးဓါတ်ပုံရိုက်ပေးတဲ့အမတွေအကိုတွေအားလုံးကိုလည်း ကျေးဇူး တင်ပါတယ်ရှင့် မန္တလေးကိုချစ်တယ် " ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ မြန်မာဆန်ဆန် လေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ စိုးပြည့်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက် ပေးလိုက်ပါတယ်နော်။

Photo - Soe Pyae Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။