ပရိသတ်ကြီးကိူု ဒီတစ်ခါဖော်ပြပေးချင်တာကတော့ Samartphone တစ်လုံးကို တန်ဖိုးကြီးကြီးနဲ့ ဝင့်ဝင့်ကြွားကြွား ကိုင်ချင်သူတွေအတွက် Samsung ကထုတ်လုပ်လိုက်တဲ့ Galay Note 9 Fine Gold Edition အကြောင်းကို ဖော်ပြပေးခင်ပါတယ်။ ဒီဖုန်းလေးကတော့ ဖုန်းကိုယ်ထည်တစ်ခုလုံးကို ရွှေသားနဲ့ ချည်းပြုလုပ်ထားတာကြောင့် လူကြားထဲမှာ ဖုန်းပြောရင် ထင်သာ မြင်သာ ၇ှိနေစေမှာပဲ ဖြစ်ပါတယ်။ 

ဒီဖုန်းလေးကို ဒီဇိုင်းဖော်ပြီးထုတ်လုပ်ပေးထားတာကတော့ Caviar ဆိုတဲ့ ကုမ္ပဏီဖြစ်ပြီး သန့်စင်ပြီးသားရွှေ 1kg နဲ့ ဖုန်းကို အလှဆင်ပေးထားပြီး မျက်နှာပြင်ပိုင်းမှာလည်း အလွန်မာကျောတယ်လို့ နာမည်ကြီးတဲ့ Gorillေ Glass 5 နဲ့ ဖုံးအုပ်ပေးထားပါတယ်။ မော်လ်ဒယ် နှစ်မျိုးနဲ့ ထွက်ရှိထားပြီး 128 GB နဲ့ 512 GB ဆိုပြီး ထွက်ရှိပေးထားပါတယ်။  

ဈေးနှုန်းအနေနဲ့ ကတော့ $60,000 လောက်ကျသင့်မှာ ဖြစ်ပါပြီး 512GB Model ကို လိုချင်ရင်တော့ ဒေါ်လာ ၁၀၀၀ ပိုများမှာဖြစ်ပါတယ်။ Caviar က Note 9 အတွက် ရွှေဖြင့် အလှဆင်ထားတဲ့ မော်ဒယ်အပြင် မိကျောင်းသားရေဖြင့် အလှဆင်ထားတဲ့ မော်ဒယ်အပြင် Russian Federation ရဲ့ Logo ပါတဲ့ မော်ဒယ်ကိုလည်း ထုတ်လုပ်ရောင်းချပေးထားပါတယ်။ ဈေးနှုန်းကတော့ ယူရို ၃၀၀၀ ထောင်ဖြစ်ပါတယ်။ 

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။