အာရှအားကစားပွဲတော်ကြီးကတော့ စတင်ကျင်းပနေပြီပဲဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ အာရှအင်အားကြီးတွေနဲ့ ရမှတ်တူနေပေမဲ့လဲ ဂိုးကွာခြားချက်ကြောင့် အိမ်ပြန်လာခဲ့ရပါတယ်။ မြန်မာအသင်းကတော့ အာရှထိပ်သီးတွေနဲ့ ရမှတ်တူအောင်စွမ်းဆောင်ထားနိုင်တာက မြန်မာအသင်းရဲ့ ကြိုးစားမှုကို ပေါ်လွင်နေပါတယ်။ အာရှအားကစားပွဲတော်မှာ မြန်မာတစ်သင်းလုံးခြေစွမ်းကောင်းခဲ့ပြီး အံ့သြစရာခြေစွမ်းတွေကို ပြသနိုင်ခဲ့ပေမဲ့ အပယ်ခံဖြစ်ခဲ့ရသူနှစ်ယောက်ရှိပါတယ်။ 

သူတို့ကတော့ မြန်မာဂိုးသမား ကျော်ဇင်ထက်နဲ့ တိုက်စစ်မှူးလေး မောင်မောင်လွင်တို့ပဲဖြစ်ပါတယ်။ မြောက်ကိုးရီးယားနဲ့ ပွဲမှာ မြန်မာအသင်းရဲ့ ဂိုးပေါက်ကို အကြိမ်ကြိမ်ကာကွယ်ပေးခဲ့ပြီး မြန်မာအသင်းကို သရေတစ်မှတ်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ မောင်မောင်လွင်ကတော့မြောက်ကိုးရီးယးနဲ့ပွဲမှာ အဖိုးတန်ဂိုးကို သွင်းယူပေးခဲ့ပြီး အီရန်နဲ့ ပွဲမှာ အီရန်ရဲ့ နောက်တန်းကို မွှေနှောက်ခဲ့ပါတယ်။ 

အခုလို အံ့သြစရာခြေစွမ်းတွေကို ပြသနိုင်ခဲ့ပေမဲ့လဲ သူတို့နှစ်ယောက်ရဲ့ ကြိုးစားမှုတွေကို အသိအမှတ်ပြုပေးမဲ့သူမရှိဘဲ အပယ်ခံဘဝဖြစ်ခဲ့ရပါတယ်။ မြန်မာကစားသမားတွေအနေနဲ့ အံသြစရာကောင်းတဲ့ ခြေစွမ်းတွေ လက်စွမ်းတွေရှိကြသော်လဲ အသိအမှတ်ပြုပေးမဲ့သူမရှိဘဲ အပယ်ခံဘဝဖြစ်ခဲ့ရဖြစ်နေကြတဲ့ ကစားသမားတွေလဲ များစွာရှိနေပါတယ်။ မြန်မာဂိုးသမား ကျော်ဇင်ထက်နဲ့ တိုက်စစ်မှူးလေး မောင်မောင်လွင်တို့ကတော့ အနာဂတ်ရဲ့ ကြယ်ပွင့်တွေဖြစ်တယ်ဆိုတာ အာရှအားကစားပွဲတော်က သက်သေပြနေပါတယ်။

SOURCE: GOOGLE 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။