ဆံပင်ဆိုးဆေးများသုံးခြင်း၊ ဆံပင်များပျက်စီးခြင်း၊ ကျဲခြင်း၊ ဦးရေပေါ်ခြင်းများဖြစ်လျှင် ထောလပတ်ရွက်ကို ကြိတ်ခြေပြီး အရည်ကို ဦးရေထဲဝင်အောင်လိမ်းပြီး နာရီဝက်ကြာ ခေါင်းပေါင်းထားပြီး နောက် ခေါင်းလျှော်ပါ။ တစ်ပတ် နှစ်ကြိမ်ပြုလုပ်ပေးပါ။ မွေးရာပါ ဆံပင်အားနည်း ငယ်ထိပ်ကွက် ဆံပင် မသန်သူများ ဆေးစား၍ ဆံပင်ကျွတ်သူများ ထောလပတ်ရွက်ကို အခြောက်လှန်း သံပြားပေါ်တင် အပူပေး ပြာချပါ။ ပြာကို အုန်းဆီစစ်စစ်ဖြင့် စိမ်ထားပြီး မှန်မှန်လိမ်းပေးပါ။

မျက်ခုံးမွေးကျဲလျှင် ထောလပတ်ရွက် အရည်ညှစ် ကွမ်းရိုးနှင့်တို့ မျက်ခုံးအရာအတိုင်းဆွဲပေးပါ။ ခုံးမျက်စ သုံးရက်လ ပုံစံအတိုင်း ဆွဲပါ။ ပေစာ ဆေးကျမ်းပါဆံပင်ဖြူပြန်နက်ဆေး (အတွင်းစားဆေး)

၁။ ထောလပတ်ရွက် ၂။ ကြိတ်မှန်ရွက် ၃။ နှမ်းနက် စေ့ ထိုသုံးမျိုးကို အလေးချိန်အမျှစု၍ နွားနို့်နှင့် ကျိုသောက်ရမည်။ ရှေးဟောင်းဆေးကျမ်းတွင် အတိုင်း အဆ မပါရှိသဖြင့် မိမိသောက်နိုင်သမျှ မှန်းဆ၍ ကျိုပါ။ ထိုထောလပတ်ဆေး သောက်နေစဉ်တွင် ရေအေး ဝအောင်ချိုး၊ ညအိပ်ယာဝင်ချိန်တွင် ဒူးအထက်မှ အောက်သို့ ရေလောင်းခြေဆေးပြုပါက ဆံပင်ဖြူပြန် နက်သည်သာမက မျက်စိရောဂါများပါ ပျောက်ကင်းပြီး အမြင်ကြည်လင်စေသည်ဟု ဆိုသည်။

ရှင်နာဂသိန် ၏ ဆေးကျမ်းတွင် ထောလပတ်ရွက် အရည်ကိုလိမ်းသော် မျက်နှာရှိပွေး၊ ညှင်း၊ တင်းတိတ် များပျောက်၏။ အနာလည်းထည့်ရ၏။ ထောလပတ်အမြစ်ကို နို့ရည်ဖြင့် ပြုတ်သုံးလျှင် ကာမကိုအား ပေး၏။ အမြစ်အ ခေါက်သည် ရေယုံနာ၊ အရေပြားဖောရောင်ခြင်း အတွက် အလွန်ကောင်းသည်။ ဆံပင်ဆိုးခြင်း၊ ခေါင်း လျှော်ခြင်း ပြုနိုင်၏။ မျက်ခုံးမွေးသန်စွမ်းအောင် လိမ်းပေးနိုင်သည်။

( Rf; Dr. Thet Naing Oo, Botanist)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။