၂၄နှစ်ကြာမှပြန်လည်ဝင်ရောက်ယှဉ်ပြိုင်တဲ့မြန်မာအသင်းရဲ့အုပ်စုပွဲတွေကတော့မနေ့က

ပြီးဆုံးသွားခဲ့ပီဖြစ်ပါတယ်။အဆိုပါအုပ်စုပွဲစဉ်တွေမှာမြန်မာအသင်းကအုပ်စုကျပ်ထဲကျရောက်နေခဲ့ပေမယ့်လည်း

၁ပွဲနိုင်၁ပွဲသရေ၁ပွဲရှုံးရမှတ်တူဂိုးကွာခြားချက်နဲ့အုပ်စုအဆင့်မှာပဲကျေနပ်ခဲ့ရပါသေးတယ်။

မြန်မာအသင်းဟာအုပ်စုပွဲတွေမှာအကောင်းဆုံးခြေစွမ်းတွေနဲ့အတူအာရှအင်အားကြီးအီရန်ကိုအနိုင်ယူခဲ့တာပါ။

မနေ့ကအုပ်စုနောက်ဆုံးပွဲတွေတစ်ပြိုင်နက်ကစားခဲ့ပြီးမြန်မာအသင်းကအီရန်အသင်းကို၂ဂိုးပြတ်အနိုင်ယူပီးအီရန်ကိုတစ်ခါမှမရှုံးဘူးတဲ့ စံချိန်ကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။အာရှအားကစားပြိုင်ပွဲစုစုပေါင်း၃ ကြိမ်တွေ့ဆုံခဲ့ဘူးပြီး၁၉၆၆ ပြိုင်ပွဲတွင် ၂ ကြိမ်၊ ယခု ၂၀၁၈ တွင်၁ကြိမ်မြန်မာအသင်းနှင့်တွေ့ဆုံခဲ့သော်လည်း၁ဝ,၁ဝ,၂၀ရလဒ်များဖြင့်မြန်မာကသာအနိုင်ရရှိခဲ့ပြီးအီရန်အသင်းဟာမြန်မာနဲ့တွေ့တိုင်း ရလဒ်မကောင်းတဲ့စံချိန်ကိုဆက်လက်ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

ဒီပွဲအပြီးမှာမြန်မာအသင်းရဲ့အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့အောင်သူကလည်း" ရလဒ်ကလည်း ၂ ဂိုးပြတ်အနိုင်ရပေမယ့် ရှုံးထွက်အဆင့်နဲ့လွဲချော်ခဲ့ပါတယ်။ ဂိုးမသွင်းနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်ရပါတယ်။ မြောက်ကိုးရီးယားနဲ့ဆော်ဒီပွဲမှာ မြောက်ကိုးရီးယားကဂိုးပြတ်အနိုင်ရသွားလို့ကျနော်တို့အသင်းရဲ့မျှော်လင့်ချက်အဆုံးသတ်ခဲ့တာပါ။

အာရှထိပ်သီးအီရန်ကိုအနိုင်ရပေမယ့်မပျော်ရွှင်ခဲ့ရပါဘူး"လို့ပွဲအပြီးမှာပြေသွားပါတယ်။

မြန်မာအသင်းကဒီပြိုင်ပွဲအပြီးမှာဆူဇူကီးဖလားပြိုင်ပွဲအတွက်ဆက်လက်လေ့ကျင့်သွားမှာဖြစ်တယ်လို့သိရပြီး မြန်မာဘောလုံးချစ်ပရိတ်သတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

Photo:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။